CMP လုပ်ခနှင့် အခွန်ကြီးကြပ်ရေးဆပ်ကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော်  မတ်  ၁၇


CMP  လုပ်ငန်းများ   ကြီးကြပ်ရေး ကော်မတီက  ဖွဲ့စည်းထားသည့် CMP လုပ်ခနှင့် အခွန်ကြီးကြပ်ရေး ဆပ်ကော်မတီ၏   စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည် တော်ရှိ  စီမံကိန်းနှင့်  ဘဏ္ဍာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အစည်းအဝေးသို့     ဆပ် ကော်မတီဥက္ကဋ္ဌ    စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး     ဦးမောင်မောင်ဝင်း၊ သက်ဆိုင်ရာအစိုးရဌာန   ကိုးခု၊ မြန်မာနိုင်ငံ    ကုန်သည်များနှင့် စက်မှုလက်မှု    လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ အထည် ချုပ်လုပ်ငန်းရှင်များ   အသင်းနှင့် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ် သူများအသင်းတို့မှ     တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

 


ဦးစွာ       ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက      CMP လုပ်ငန်းများသည် နိုင်ငံအတွင်းသို့ နိုင်ငံခြား      ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေခြင်း၊    ပို့ကုန် တိုးတက်စေခြင်း၊   ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေခြင်း၊ အခွန်ငွေများရရှိစေ ခြင်း၊ လုပ်ငန်းအကျိုးဖြစ်ထွန်းမှု အပေါ်မူတည်၍     လုပ်ငန်းများ ထပ်မံတိုးချဲ့ ဆောင်ရွက်လာနိုင် ခြင်း  စသည့်အချက်များကြောင့် လူမှုစီးပွား   ဖွံ့ဖြိုးတိုးတက်မှုကို ဘက်ပေါင်းစုံမှ   အကျိုးပြုသည့် လုပ်ငန်းများဖြစ်ကြောင်း၊ CMP လုပ်ငန်းများ   တိုးတက်များပြား လာမှုနှင့်အတူ   အခွန်ထမ်းမဖြစ် သေးသော  CMP   လုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊  ကုမ္ပဏီများ အားလုံးက    သက်ဆိုင်ရာအခွန် ဥပဒေများနှင့်အညီ   ပေးဆောင် ရမည့်   အခွန်ငွေများ   အပြည့် အဝ  ပေးဆောင်လာနိုင်စေရေး ကို  စိစစ်ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း။

 


ထို့ပြင်      CMP     လုပ်ငန်း ဆောင်ရွက်မှုများနှင့်  စပ်လျဉ်း၍ လုပ်ငန်း‌ဆောင်ရွက်မှု အခြေအနေ၊ ရပ်နားမှုအခြေအနေ၊    တည်ဆဲ ဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်မှု   ရှိ   မရှိ  အခွန် ပေးဆောင်မှုအခြေအနေ၊   လုပ်ခ နိုင်ငံခြားငွေများကို     ဘဏ်သို့ မှန်ကန်စွာ   ပေးသွင်းမှု   ရှိ  မရှိ၊ အလုပ်သမားများ   ရသင့်ရထိုက် သည့်    လုပ်ခနှင့်ခံစားခွင့်များ အပြည့်အဝရရှိခြင်း   ရှိ   မရှိနှင့် သတ်မှတ်   စာရင်းဇယားများကို စနစ်တကျပြုစုထားရှိခြင်း ရှိ မရှိ စသည်တို့ကို  ကြည့်ရှုစစ်ဆေး၍ အချိန်နှင့်တစ်ပြေးညီ ကြပ်မတ် ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ သို့မှသာ CMP လုပ်ငန်းများအနေ ဖြင့် စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာ ပြီး   နိုင်ငံ့စီးပွားတိုးမြင့်မှုကို ပိုမို အထောက်အကူ  ပြုလာနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။ 

 


ထို့နောက် ဆပ်ကော်မတီဝင် များက CMP လုပ်ငန်းဆောင်ရွက် မှုများနှင့်  စပ်လျဉ်း၍  သက်ဆိုင် ရာကဏ္ဍအလိုက် တင်ပြဆွေးနွေး ကြပြီး   ဆပ်ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များအား    ညှိနှိုင်း ပေါင်းစပ်၍    ဆပ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များကို    ချမှတ်ခဲ့ ကြောင်း သိရသည်။  

သတင်းစဉ်