
သထုံ အောက်တိုဘာ ၃၀
မွန်ပြည်နယ် သထုံမြို့နယ် အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် များတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးနှင့် အခြင်အတွယ် မှန်ကန်စွာဖြင့် ရောင်းချရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူ များပူးပေါင်း၍ အောက်တိုဘာ ၂၈ ရက်က လိုက်လံစစ်ဆေးကြကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီး မှူး ဦးဇော်မင်းနှင့် မီးသတ်တပ်ဖွဲ့ ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင် နီယာမှူး ဦးတင်ဆိုင်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန် ရှိသူများက သထုံမြို့ မြေနီကုန်း ကျေးရွာအုပ်စုရှိ Parent Love အရောင်းဆိုင်၊ အောင်တမာန် အရောင်းဆိုင်နှင့် Max စက်သုံးဆီ အရောင်းဆိုင်များ၌ ပွင့်လင်းရာသီ ကာလအတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ အရန်သင့် ပြင်ဆင်ထားရှိရေး၊ အရေးပေါ် မီးငြှိမ်းသတ်နိုင်ရေး အတွက် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး စီမံချက်ရေးဆွဲထား ရှိမှု အခြေအနေ၊ စက်သုံးဆီ သိုလှောင်ကန်များတွင် မီးဘေး အန္တရာယ် မဖြစ်ပွားအောင် တည်ဆောက်ထားရှိမှု အခြေ အနေ၊ မီးသတ်ရေကန်များ အရန်သင့်ရေအပြည့် ရှိစေရေး၊ လျှပ်စစ်ဝိုင်ယာကြိုးများ ဝိုင်ယာ ရှော့ကြောင့်မီးလောင်မှု မရှိစေရေး နှင့် စက်သုံးဆီများအား အခြင် အတွယ်နှင့် ဈေးနှုန်းမှန်ကန် စွာဖြင့် ရောင်းချစေရေးအတွက် စစ်ဆေး၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်သည်။
ကိုကိုဦး(ပြန်/ဆက်)