စက်သုံးဆီအရောင်းဆိုင်များ ဈေးနှုန်းနှင့် အချင်အတွယ်မှန်ကန်စေရန် ကွင်းဆင်းစစ်ဆေး

 

သီပေါ  အောက်တိုဘာ  ၂


ရှမ်းပြည်နယ်မြောက်ပိုင်း   သီပေါမြို့နယ် အတွင်းမှ  ပုံမှန်ဈေးနှုန်းဖြင့်   ရောင်းချလျက် ရှိသော KYAW SAN စက်သုံးဆီအရောင်းဆိုင် များတွင် အချင်အတွယ်နှင့်  ဈေးနှုန်းမှန်ကန် ရေးအတွက်  မြို့နယ်ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့က   အောက်တိုဘာ ၁ ရက်က ကွင်းဆင်းစစ်ဆေးသည်။


မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စီမံကိန်းဦးစီးဌာနနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်သော    ဈေးကွက် စောင့်ကြည့်ကြပ်မတ်စစ်ဆေးရေး       အဖွဲ့က ဆီဆိုင်များ၌    ဈေးနှုန်းနှင့်   အချင်အတွယ် မှန်ကန်စေရန်  သွားရောက်စစ်ဆေးခြင်းဖြစ် သည်။ သီပေါမြို့တွင် ပုံမှန်ဈေးဖြင့် ရောင်းချ လျက်ရှိသော KYAW  SAN  စက်သုံးဆီအရောင်း ဆိုင်များ၌ ဓာတ်ဆီ (92-RON)   တစ်လီတာ လျှင်   ၁၁၈၇ ကျပ်နှုန်း၊    ဒီဇယ်ဆီ တစ်လီတာ ၁၁၇၇ ကျပ်နှုန်း၊    ပရီမီယမ်ဒီဇယ် တစ်လီတာ  ၁၁၈၄ ကျပ်နှုန်းဖြင့်   ရောင်းချပေးလျက်  ရှိ ကြောင်း  အဆိုပါ စက်သုံးဆီ အရောင်းဆိုင် တာဝန်ခံထံမှ သိရသည်။


ခင်လေး
(ပြန်/ဆက်)