
ရန်ကုန် ဖေဖော်ဝါရီ ၂၃
စက်ရုံ၊ အလုပ်ရုံနှင့် အခြေခံဝန်ထမ်းများ အတွက် ဆန်ကိုသက်သာသော စျေးနှုန်းများ ဖြင့် ဝယ်ယူခွင့်ရရှိနိုင်ရေးအတွက် ရောင်းချ ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။
လတ်တလော ဆန်စျေးမြင့်တက်မှု အခြေအနေကြောင့် အခြေခံအလုပ်သမား၊ ဝန်ထမ်းမိသားစုများ သက်သာစေရန် ရောင်းချပေးခြင်းဖြစ်ပြီး ရောင်းချရာတွင် ဧည့်မထ ၁၀ ရာခိုင်နှုန်းအဆင့် 10 kg (ငါးပြည်ခန့်)တစ်အိတ်လျှင် ကျပ် ၁၀၀၀၀ ဖြင့် ဝယ်ယူနိုင်ကြောင်း၊ ထို့အပြင် လှိုင်သာယာ၊ ရွှေပြည်သာ၊ စက်ရုံများသို့ မှာယူသည့်အိတ် ရေအနည်းအများပေါ် မူတည်၍ အရောက် ပို့ခြင်း (သို့မဟုတ်) သတ်မှတ်နေရာတွင် လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
အခြားသော ဆန်အမျိုးအစားများကို ဝါးတန်းစပါးကုန်စည်ဒိုင်၊ ဘုရင့်နောင် ကုန်စည်ဒိုင်တို့တွင် စျေးနှုန်းမှန်ဖြင့် ရောင်းချ ပေးလျက်ရှိပြီး စက်ရုံ၊ အလုပ်ရုံ၊ အခြေခံ ဝန်ထမ်းမိသားစုများအတွက် သက်သာသော စျေးနှုန်းဖြင့် ဆန်ရောင်းချပေးရာတွင် 10 kg ဆန်အိတ်ရေ ၂၁၆၆၀၀ ခန့် ရောင်းချပေးပြီး ဖြစ်ကြောင်း သိရသည်။
ကိုရိုး