
နေပြည်တော် အောက်တိုဘာ ၃၁
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက မကွေးတိုင်းဒေသကြီး အတွင်းရှိ စက်မှုသင်တန်းကျောင်း နှစ်ကျောင်းအနက် အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး) ကို ဒီဇင်ဘာလဆန်းတွင် ပြန်လည် ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ မကွေးတိုင်း ဒေသကြီးအတွင်းတွင် ရှိသည့် အထည်စက်ရုံများ လိုအပ်လျက် ရှိသည့် ကုန်ကြမ်းပစ္စည်းများကို ပြတ်လပ်မှုမရှိစေရေး တိုင်းဒေသ ကြီးအတွင်းရှိ ဝါစိုက်တောင်သူ များနှင့်ချိတ်ဆက်၍ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးစေလို ကြောင်း၊ စက်မှုဝန်ကြီးဌာနရှိ စက်ရုံ အလုပ်ရုံများကိုလည်း ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပ မှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ် ၍ အောင်မြင်အောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ယင်းနောက် မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်က စက်မှု ဝန်ကြီးဌာနရှိ စက်ရုံများအတွက် လိုအပ်သော ကုန်ကြမ်းများရရှိ အောင် ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာန ရှိ အထည်စက်ရုံများအတွက် ဝါ ကုန်ကြမ်းများ အပြည့်အဝရရှိ ရေးအတွက် ကူညီပေးသွားမည် ဖြစ်ကြောင်း၊ စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်တွဲ ပူးပေါင်း ဆောင်ရွက်မည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် မကွေးတိုင်းဒေသ ကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ရောက် ရှိရာ တိုင်းဒေသကြီးဦးစီးဌာနမှူး က စက်မှုလုပ်ငန်းများ၊ လျှပ်စစ် နှင့် ဘွိုင်လာများကို စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေမှု၊ ဒေသအတွင်းရှိ ပြည်တွင်းစားသုံး ဆီ ထုတ်လုပ်သည့် စက်ရုံပေါင်း ၅၇၆ ရုံမှ တစ်နှစ်လျှင် စားသုံးဆီ စုစုပေါင်း ၄၇၈၇၇၈၅ ပိဿာ (၇၈၁၈ မက်ထရစ်တန်)ထုတ်လုပ် လျက်ရှိသည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ပြည်တွင်းစားသုံးဆီ ထုတ်လုပ်သည့် စက်ရုံများအနေ ဖြင့် အရည်အသွေးပြည့်မီသော စားသုံးဆီများ ပိုမိုထုတ်လုပ်နိုင် ရေးအတွက် လိုအပ်သည့် နည်း ပညာ၊ အကြံဉာဏ်များ ကူညီပေး သွားရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးအတွက်လည်း နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ပေး ရန်လိုကြောင်း မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ချောက်မြို့ရှိ အမှတ် (၃၅) အကြီးစားစက်ရုံသို့ရောက်ရှိ ပြီး ကြွေသီးများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည် အသွေးကောင်းမွန်အောင် ထုတ် လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ တာဝန်ရှိသူများအနေဖြင့် Busi-ness Plan များရေးဆွဲ၍ စနစ် တကျ ဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များ ကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်း ဆောင်ရွက်ပေးကာ ကြွေသီးများ ထုတ်လုပ်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ဟိုက်ဒရိုဂျင် ပါအောက်ဆိုက်စက်ရုံသို့ ရောက် ရှိပြီး စက်ပစ္စည်းကိရိယာများကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင် ရေး စီမံဆောင်ရွက်ရန် မှာကြား ကြောင်း သိရသည်။
သတင်းစဉ်