စက်မှုလယ်ယာစနစ်သို့ အောင်မြင်စွာ ကူးပြောင်းရေးအတွက် သုတေသနနှင့် ပညာပေးလုပ်ငန်းများကို ဌာနအားလုံး ပေါင်းစည်းဆောင်ရွက်သွားမည်

နေပြည်တော် ဖေဖော်ဝါရီ ၂၇
လက်မှုလယ်ယာမှ      စက်မှုလယ် ယာသို့ အပြည့်အဝကူးပြောင်းရေး၊ လယ်ယာသုံး    စက်ကိရိယာများ ရင်းနှီးမြှုပ်နှံမှုနှင့်  ထိုက်တန်သည့် အကျိုးစီးပွားရရှိစေရန်   ဆိုင်ရာ စက်ကိရိယာ၏    စွမ်းအားကို အပြည့်အဝ       အသုံးချနိုင်ရေး၊ တစ်ဧကထုတ်လုပ်မှုနှင့် လယ်ယာ လုပ်သားတစ်ဦးချင်း၏ ထုတ်လုပ် မှု        စွမ်းအားမြှင့်တင်ပေးနိုင်ရေး၊  လယ်ယာသုံးစက်ကိရိယာ သုတေ သန  လုပ်ငန်းများနှင့်     နည်း ပညာပေးလုပ်ငန်းများ   တိုးချဲ့ ဆောင်ရွက်ရေး၊      စက်မောင်း စက်ပြင်လုပ်ငန်း          အပိုပစ္စည်း ရောင်းဝယ်ခြင်းဆိုင်ရာ ဝန်ဆောင် မှုလုပ်ငန်းများ   မြှင့်တင်ပေးရေး အပါအဝင်      စက်မှုလယ်ယာ လုပ်ငန်းကို   အခြေခံသည့် အလုပ် အကိုင်အခွင့်အလမ်းများ   ဖော် ဆောင်ပေးနိုင်ရေးစသည့်   စက်မှု လယ်ယာစနစ်သို့  အောင်မြင်စွာ ကူးပြောင်းရေး     လုပ်ငန်းများကို သက်ဆိုင်ရာ          လုပ်ငန်းဌာန အားလုံး ပေါင်းစည်းဆောင်ရွက် ရေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း     ဝန်ကြီးဌာနက အလေးထား  ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှု
ယနေ့       နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး     ဦးတင် ထွဋ်ဦးသည်    ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဦးစီးဌာနများမှ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ    နေပြည် တော်  ရေဆင်းရှိ စက်မှုလယ်ယာ သင်တန်းကျောင်းသို့  ရောက်ရှိကြ ပြီး  စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန တို့    ပူးပေါင်းဆောင်ရွက်လျက်ရှိ သော   အသုံးချစက်မှုလယ်ယာသုတေသနလုပ်ငန်းနှင့်     နည်း ပညာပြန့်ပွားရေးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးကြပြီး  လုပ်ငန်း များအား  ကွင်းဆင်းကြည့်ရှုခဲ့ကြ သည်။
ကူညီပံ့ပိုးနိုင်ရေး ဆောင်ရွက်
မြန်မာနိုင်ငံတွင်    လယ်ယာ သုံးစက်ကိရိယာ      ဝန်ဆောင်မှု လုပ်ငန်းများ        လျင်မြန်စွာ တိုးတက်လျက်ရှိပြီး     လက်ရှိ စက်မှုလယ်ယာ     ဝန်ဆောင်မှု အသင်း ၁၃၅ သင်း ကို ခိုင်မာသော စီးပွားရေး   လုပ်ငန်းများအဖြစ် တိုးချဲ့ဖွဲ့စည်းနိုင်ရေးနှင့်    သမ ဝါယမအသင်းများအဖြစ်  ဖွဲ့စည်း ဆောင်ရွက်      နိုင်ရေးတို့အတွက် အားပေးဆောင်ရွက်လျက်ရှိသကဲ့ သို့  အားကောင်းသော လယ်ယာ လုပ်ငန်း    အခြေပြုစီးပွားရေး လုပ်ငန်းများ  ပေါ်ပေါက်လာစေရန် စီမံအုပ်ချုပ်ရေးဆိုင်ရာ၊  ငွေကြေး စီမံခန့်ခွဲမှုဆိုင်ရာ  နည်းပညာများ ကိုလည်း       သက်ဆိုင်ရာဌာန များက    ပူးပေါင်းကူညီပံ့ပိုးပေး နိုင်ရေး   စီမံဆောင်ရွက်လျက်ရှိ သည်။ 
ပညာပေးလုပ်ငန်းအရှိန်မြှင့်
သာမန်     ထွန်ယက်ခြင်းမှ မြေဆီလွှာ    ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့်    လုပ်ငန်းစဉ် များပါ   ထည့်သွင်း၍  စနစ်တကျ ဆောင်ရွက်နိုင်ရေး၊  သီးနှံအရည် အသွေးနှင့်   ထုတ်လုပ်မှုစွမ်းအား မြှင့်တင်နိုင်ရေးအပြင်    အသား ထုတ်လုပ်မှု၏    အဓိကအရင်း အမြစ်ဖြစ်သော        မွေးမြူရေး တိရစ္ဆာန်အစားအစာများ  စိုက်ပျိုး ထုတ်လုပ်ရေးအတွက်   သီးထပ် စိုက်ပျိုးနိုင်ရေး၊         ထွန်ယက် စိုက်ပျိုးသည်မှ    ရိတ်သိမ်းပြီး နောက်ပိုင်း လုပ်ငန်းစဉ်များတွင် စက်စွမ်းအား အပြည့်အဝအသုံးပြု နိုင်ရေး၊  သွင်းအားစု ပိုးသတ်ဆေး များ   အသုံးပြုရာတွင် စက်များ အသုံးချ၍       တောင်သူများ ထိရောက်စွာနှင့်        စီးပွားရေး တွက်ခြေကိုက်ပြီး     ဘေးကင်း လုံခြုံစွာ  ဆောင်ရွက်နိုင်ကြစေရန် စက်ကိရိယာအသုံးပြုမှု လက်တွေ့ သရုပ်ပြပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် ပေးမည်ဖြစ်သည်။
သင်တန်းများ တိုးချဲ့
အလားတူ  စိုက်ပျိုးရေးသိပ္ပံ အပါအဝင်           နည်းပညာသိပ္ပံ ကျောင်းဆင်း   မောင်မယ်များကို  လုပ်ငန်း ခွင်        တိုက်ရိုက်ဝင်ရောက် ခွင့်     အာမခံချက်ပေးနိုင်သည့် လယ်ယာသုံး စက်ကိရိယာကျွမ်း ကျင်မှုလက်မှတ်ရ   သင်တန်း များ တိုးချဲ့ဆောင်ရွက်ပေးနိုင်ရေး ကိုလည်း       စီမံဆောင်ရွက်  လျက်ရှိကြောင်း သိရသည်။ 
သတင်းစဉ်