
ကမ္ဘာပေါ်တွင် လူဦးရေ ၇ ဘီလီယံခန့်ရှိသဖြင့် နိုင်ငံတိုင်းတွင် စားသောက်ကုန်များ အမြဲလိုအပ်ချက်ရှိကြောင်း၊ ကမ္ဘာပေါ်တွင် စိုက်ပျိုးရေးနိုင်ငံများရှိပြီး နိုင်ငံတွင်း စားရေးအဆင်ပြေစေရန်နှင့် ပြည်ပဝင်ငွေရရှိရန် ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်၍ ကမ္ဘာ့ဈေးကွက်မှ ပြည်ပဝင်ငွေရရှိအောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ နိုင်ငံတွင် မိုးစပါးစိုက်ပျိုးဧက ၁၅ သန်းခန့်၊ နွေစပါးစိုက်ပျိုးဧက ၂ သန်းခန့် စိုက်ပျိုးကြောင်း၊ မိုးစပါးစိုက်ပျိုးဧက ၁၅ သန်းတွင် တစ်ဧက တင်း ၁၀၀ နှုန်းထွက်ပါက လူဦးရေ သန်း ၁၀၀ အတွက် လုံလောက်မှုရှိကြောင်း၊ မိမိတို့နိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့်ရှိသဖြင့် လူဦးရေ ၄၅ သန်းစာ ပိုလျှံမှုရှိလာမည်ဖြစ်ကြောင်း၊ ပြည်ပသို့ ဆန်များစွာတင်ပို့နိုင်ကြောင်း၊ သို့သော် တစ်ဧကစပါးအထွက်နှုန်း တင်း ၁၀၀ မပြည့်သည့်အတွက် ပြည်ပနိုင်ငံများသို့ မျှော်မှန်းသလို တင်ပို့နိုင်မှုမရှိသည်ကို တွေ့ရှိရကြောင်း၊ စီးပွားရေးသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်ပြီး မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် စနစ်တကျဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၇-၉-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁) ၌ ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)