စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

 

နေပြည်တော်  ဩဂုတ် ၂၆


စီမံကိန်းနှင့်   ဘဏ္ဍာရေးဝန်ကြီး ဌာန   မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်က  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုး ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်‌ချေးငွေစီမံကိန်း (JICA, Two Step Loan)  စီမံကိန်း ဦးဆောင်ကော်မတီ၏ (၂၃) ကြိမ် မြောက်  အစည်းအဝေးကို  ယမန် နေ့က   နေပြည်တော်ရှိ   စီမံကိန်း နှင့်         ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌  ကျင်းပသည်။

 


အစည်းအဝေးတွင် စီမံကိန်း ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ  စီမံ ကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က JICA, Two Step Loan ချေးငွေ စီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လ တွင် စတင်ခဲ့ပြီး စီမံကိန်းတန်ဖိုး သည် ကျပ်ဘီလီယံ  ၂၀၀  ခန့်ရှိ ကာ   ဆိုင်းငံ့ကာလ  ၁၀  နှစ်၊ ပြန်ဆပ်ကာလ နှစ် ၃၀၊  စုစုပေါင်း နှစ်   ၄၀  သက်တမ်းရှိကြောင်း၊ မြန်မာနိုင်ငံ      တစ်ဝန်းလုံးရှိ တောင်သူ  လယ်သမားများ၏ လယ်ယာ ကုန်ထုတ်လုပ်ငန်းများ တွင်    အဓိကအသုံးပြုသည့် လယ်ယာသုံး စက်ကိရိယာများနှင့် လယ်ယာစီးပွားအခြေခံ  စက်ရုံ၊ အလုပ်ရုံများတည်ဆောက်နိုင်ရန် အတိုးနှုန်း သက်သာသည့် ချေးငွေ များကို တောင်သူတစ်ဦးချင်းအား ငွေကျပ်သိန်း ၇၀၀ ထိ နှစ်တို သုံး နှစ်၊   နှစ်ရှည်  ငါးနှစ် အရစ်ကျ ပြန်ဆပ်စနစ်များဖြင့်   ထုတ်ချေး ပေးလျက်ရှိကြောင်း။

 


၂၀၂၂  ခုနှစ်   ဖေဖော်ဝါရီလ ကုန်ထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုရှိ မြို့နယ်  ၁၈၇ ခုမှ   တောင်သူ ၅၅၈၇ ဦးသို့ ချေးငွေကျပ် ၂၃၀ ဒသမ ၅၉၉ ဘီလီယံ ထုတ်ချေး ပေးထားပြီးဖြစ်ကြောင်း၊  ချေးငွေ ရယူထားသည့်  တောင်သူများမှ အချိန်စေ့အရစ်ကျ ပြန်ဆပ်သည့် ငွေကို          ချေးငွေရယူလိုသည့် တောင်သူအသစ်များကို စဉ်ဆက် မပြတ်   ထုတ်ချေးပေးလျက်ရှိ ကြောင်း၊          ချေးငွေအစီစဉ် ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်း ဖြင့်   တောင်သူများ၏   ဝင်ငွေ တိုးတက်လာစေပြီး   လယ်ယာ ကဏ္ဍဖွံ့ဖြိုးရေးကို            များစွာ အထောက်အကူပြု          မည်ဖြစ် ကြောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုး ရေးဘဏ်ရုံးချုပ်နှင့်            ဘဏ်ခွဲ အဆင့်ဆင့်အနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့်  စဉ်ဆက်မပြတ် Evaluation   &   Monitoring ပြုလုပ်ပြီး စီမံကိန်းအောင်မြင်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊   ဆက်စပ်ဌာန များနှင့်         အမြဲမပြတ်ပူးပေါင်း ဆောင်ရွက်သွားရန်          ဆွေးနွေး မှာကြားသည်။ 

 


ထို့နောက်  မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်              ဦးဆောင် ညွှန်ကြားရေးမှူး    ဦးမင်းသူနှင့် တာဝန်ရှိသူများက JICA, Two Step Loan ချေးငွေထုတ်ချေးထားမှုအခြေအနေနှင့် စက်ကိရိယာများ တောင်သူများ  လက်ဝယ်အရောက် ပေးအပ်မည့်ကိစ္စ၊       ဆက်လက် ထုတ်ချေးမည့်    အခြေအနေကို တင်ပြဆွေးနွေးကြသည်။

 


အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေး နှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့်  မြန်မာနိုင်ငံတော်ဗဟိုဘဏ် တို့မှ ဦးဆောင်ကော်မတီအဖွဲ့ဝင် များ  တက်ရောက်ကြသည်။


သတင်းစဉ်