စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ (၂၄)ကြိမ်မြောက် လစဉ် ဗုဒ္ဓဟူးနေ့စကားဝိုင်းဆွေးနွေးပွဲ “သားငါးကဏ္ဍ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး” ခေါင်းစဉ်ဖြင့် ကျင်းပ

 

နေပြည်တော်  ဩဂုတ်  ၃
စားရေရိက္ခာ ဖူလုံပိုလျှံရေးကြိုးပမ်း ရာတွင် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးကို   အရေးပါသော အခန်းကဏ္ဍ      တစ်ခုအဖြစ် ဆောင်ရွက်ရန်      လိုကြောင်း၊ သို့မှသာ နိုင်ငံ၏အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို  ပိုမိုခိုင်မာ အောင် တည်ဆောက်၍ တစ်မျိုး သားလုံး  သက်ရှည်ကျန်းမာသည့်    ကျန်းမာရေးစနစ် ဖြစ်ပေါ်လာရေး   ဦးတည်ချက်   ဖော်ဆောင်မှုကို အထောက်အကူပြုစေမည်  ဖြစ် ကြောင်း  ယမန်နေ့ ညနေပိုင်းက  စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်  ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ပြုလုပ်သည့် (၂၄) ကြိမ်မြောက် လစဉ် ဗုဒ္ဓဟူးနေ့စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။
အဓိကအကောင်အထည်ဖော်
ဆက်လက်၍  ပြည်ထောင်စု ဝန်ကြီးက စိုက်ခင်းမှသည် စားသုံး သည်အထိ     အစားအသောက် ကွင်းဆက်တစ်လျှောက်   အဆင့် တိုင်းတွင် အစားအသောက်ဘေး အန္တရာယ်ကင်းရှင်းရေး   လွှမ်းခြုံ နိုင်ရန်နှင့် သားငါးတင်သွင်းတင်ပို့ မှု   နှစ်ရပ်စလုံးတွင်    စားသုံးသူ များ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက်   မိမိတို့ဝန်ကြီးဌာနက အဓိက    အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်၍  သားငါး ကဏ္ဍ အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးအတွက်      လက်ရှိ ဆောင်ရွက်နေမှု၊    ဆက်လက် ဆောင်ရွက်သင့်သည့်   လုပ်ငန်း များနှင့် သုတေသနဆောင်ရွက် ရမည့်  ဦးစားပေးအဆင့်အလိုက်   လုပ်ငန်းများကို    ယနေ့ဆွေးနွေးပွဲ တွင်  ဝိုင်းဝန်းဖော်ထုတ်ဆွေးနွေးသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
အကြံပြုဆွေးနွေး
ယနေ့  စကားဝိုင်းဆွေးနွေးပွဲ တွင်  ငါးလုပ်ငန်းဦးစီးဌာန   ညွှန် ကြားရေးမှူး ဦးညွန့်ဝင်းက  အစီ အစဉ်မှူးအဖြစ်  တာဝန်ယူဆောင် ရွက်ခဲ့ပြီး ပါဝင်ဆွေးနွေးကြသူများ က  သားငါးထွက်ကုန်များ   အစား အစာဘေးအန္တရာယ်ကင်းရှင်းစွာ       ထုတ်လုပ်ခြင်းနှင့်    ပတ်သက်၍ ဌာနများက       ဆောင်ရွက်နေမှု၊ အစားအစာ       ဘေးအန္တရာယ် ကင်းရှင်းရေးအတွက်   လိုက်နာ ရမည့်      စည်းမျဉ်းစည်းကမ်း၊ လမ်းညွှန်ချက်များနှင့်  ဌာနများ က လိုက်ပါဆောင်ရွက်နေမှုများ၊ ပညာပေးအစီအစဉ်နှင့်    သုတေ သနလုပ်ငန်း ဆောင်ရွက်ချက်များ၊ သားငါးထွက်ကုန်များ အစားအစာ ဘေးအန္တရာယ်    ကင်းရှင်းရေး အတွက်       ရှေ့ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးတင်ပြကြရာ   ဒုတိယ ဝန်ကြီးများနှင့် အခမ်းအနားတက် ရောက်လာကြသူများက မေးမြန်း အကြံပြု   ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                    

သတင်းစဉ်