
ပုသိမ် ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ စိုက်ပျိုးမွေးမြူ ရေးနှင့် ကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံ ဆွေးနွေးပွဲအား ယမန်နေ့ မွန်းလွဲ ပိုင်းက ကျင်းပရာ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသ ကြီးဝန်ကြီးချုပ်က ဧရာဝတီ တိုင်းဒေသကြီးသည် မိုးစပါး၊ နွေစပါး စုစုပေါင်း ဧက ၅၁ သိန်း ကျော် စိုက်ပျိုးပြီး စပါးတင်း သိန်း ပေါင်း ၄၀၀၀ ကျော် ထွက်ရှိသည့် တိုင်းဒေသကြီးဖြစ်ကာ ပိုလျှံသည့် ဆန်များကို ပြည်တွင်းပြည်ပသို့ တင်ပို့လျက်ရှိပါကြောင်း၊ ၂၀၂၃ မိုးစပါးရာသီတွင် စိုက်ဧက တစ်သိန်းခန့်ကို မြေပြင်ခြင်းနှင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပိုက်ဆံလျှော် (သစ်စိမ်း မြေသြဇာ) များထည့်သွင်းစိုက်ပျိုး နိုင်ရေး ဆောင်ရွက်ထားရှိပါ ကြောင်း၊ တိုင်းဒေသကြီးတွင် ဆီဖူလုံရေးအတွက် ဆီထွက်သီး နှံနေကြာ တိုးချဲ့စိုက်ပျိုးလျက်ရှိ ပြီး ဖွဲနုဆီထုတ်လုပ်နိုင်ရန် ဖွဲနု ဆီစက်များ တည်ဆောက်လည် ပတ်ထုတ်လုပ်နိုင်ရေး ကြိုးစား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ထို့အတူ အသား၊ ငါး၊ ဥ စားသုံးမှု ဖူလုံစေရေးနှင့် ရေထွက်ကုန် ပစ္စည်းလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်စေရေး အတွက်လည်း တာဝန်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာ သည့် လုပ်ငန်းရှင်များက အစု အဖွဲ့ အသင်းများနှင့် လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ၊ ရော်ဘာ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ များ၊ စပါးခွံလောင်စာတောင့် ထုတ်လုပ်ဖြန့်ဖြူးမှု အခြေအနေ၊ ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ၊ အော်ဂဲနစ်မြေသြဇာထုတ်လုပ်ဖြန့်ဖြူးမှု အခြေအနေ၊ တိရစ္ဆာန်အစာ ထုတ်လုပ်မှုအခြေ အနေ၊ အကျိုးတူ လယ်ယာစနစ် ဆောင်ရွက်မှုအခြေအနေ၊ ဆန်စက် လည်ပတ်ကြိတ်ခွဲမှု အခြေအနေ များကို ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြ ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)