စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ GDP များ တိုးတက်လာမည်ဖြစ်၍ MSME လုပ်ငန်းများကို အားပေးမြှင့်တင်နေခြင်းဖြစ်

 

နေပြည်တော်   စက်တင်ဘာ   ၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး  မင်းအောင်လှိုင်သည်   ယနေ့ နံနက်ပိုင်းတွင်  ရှမ်းပြည်နယ်  (မြောက် ပိုင်း)အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်   ဌာနဆိုင်ရာ   တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်း ရှင်များအား   လားရှိုးမြို့  မြို့တော်ခန်းမ ၌   တွေ့ဆုံ၍   ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။


အဆိုပါ  တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ    ကောင်စီဝင်များ ဖြစ်ကြသည့်    ဦးရွှေကြိမ်း၊   ဦးရန်ကျော်၊   ပြည်ထောင်စုဝန်ကြီးများ     ဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင် မောင်ရီ၊  ဦးအောင်နိုင်ဦး၊  ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ် ကြီး မောင်မောင်အေးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ     အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊   ဒုတိယဝန်ကြီးများ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ရှမ်းပြည်နယ်  (မြောက်ပိုင်း)  ပြည်နယ်၊ ခရိုင်၊            မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ဒေသခံတိုင်းရင်း သားပြည်သူများ၊   အသေးစား၊   အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး


ဦးစွာ      ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ   ဦးမျိုးကျော်က   ရှမ်းပြည်နယ် (မြောက်ပိုင်း)၏   နယ်မြေဒေသအခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများ   ဆောင်ရွက်လျက်ရှိမှု၊ One Region One Product    လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ မွေးမြူရေးဇုန်များအလိုက် လုပ်ငန်း များဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်း လမ်း၊ တံတား များအား    ဘဏ္ဍာနှစ်အလိုက်   အဆင့်မြှင့်တင် တည်ဆောက်လျက်ရှိမှု၊ ဆည်နှင့်ကန်များတည်ရှိမှု နှင့် ရေလုံလောက်စွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု၊  နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိမှု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကျန်းမာရေးကဏ္ဍ၊ အားကစား ကဏ္ဍ၊ ပညာရေးကဏ္ဍများမြှင့်တင်ရေး ဆောင်ရွက် ပေးလျက်ရှိမှု၊    တက္ကသိုလ်များ၊   ကောလိပ်များ နှင့်   အခြေခံပညာကျောင်းများ၌   ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက် ရှိမှု၊ MSME လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊   ကုန်ထုတ်လုပ်ငန်းများကို အထောက်အကူပြုစေမည့်  သင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊   နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေနှင့် မတည်ထောက်ပံ့ငွေများကို ကုန်ထုတ်လုပ်ငန်းများတိုးတက်စေရေး  ထုတ်ချေးပေးထား လျက်ရှိသည့်အခြေအနေများကို   ရှင်းလင်းတင်ပြ သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော် အေးက ရှမ်းပြည်နယ်ဆိုင်ရာ  အချက်အလက်များ၊ ရှမ်းပြည်နယ်အတွင်း   အသေးစား၊   အငယ်စားနှင့် အလတ်စား   စီးပွားရေးလုပ်ငန်း (MSME)  များ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ၊ ပြည်နယ်အတွင်း စက်မှုဇုန်များနှင့် စက်မှုရပ်ကွက် များ တည်ထောင်၍ လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ပြည်ပသို့ ပို့ကုန်များ တင်ပို့ဆောင်ရွက်နိုင်မှု၊ MSME စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  သင်တန်း များ ပို့ချဆောင်ရွက်လျက်ရှိမှုနှင့် MSME ပြပွဲများ ပြုလုပ်ဆောင်ရွက်မှု၊ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုးကန့်နှင့်ပလောင်  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် အခြားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများထုတ်ပေး ထားရှိမှုနှင့် လုပ်ငန်းများ  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်     အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် တက်ရောက်လာကြသည့် အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များဖြစ်ကြသည့် ရှမ်းပြည်နယ်(မြောက် ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ   ဦးဇော်မြင့်ထွေး၊  ဟိုတယ်လုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးဇော်ဇော်၊ လက်ဖက်လုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဦး၊ မြန်မာနိုင်ငံကော်ဖီအသင်းအဖွဲ့ဝင်      ဦးအောင်လှိုင်ဖြိုးနှင့် တက်ရောက်လာကြသူများက ရှမ်းပြည်နယ်(မြောက် ပိုင်း)မှထွက်ရှိသည့် ဒေသထုတ်ကုန်များအား အဆင့် မြင့်ထုတ်ကုန်များဖြစ်စေရေး ဆောင်ရွက်လျက်ရှိမှု၊ နယ်စပ်ကုန်သွယ်မှုများတွင် လွယ်ကူလျင်မြန်ချောမွေ့မှုရှိစေရေး ဆောင်ရွက်လျက်ရှိမှု၊  ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဟိုတယ်ဆိုင်ရာ အခြေခံသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိမှု၊ နယ်စပ်ဂိတ်များမှတစ်ဆင့် ခရီးသွားလုပ်ငန်းနှင့်  ဆက်စပ်နေသည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှု၊   ဒေသတွင်း   ထွက်ရှိသည့် လက်ဖက်ထုတ်ကုန်ပစ္စည်းများကို အရည်အသွေးမြင့် ထုတ်ကုန်များဖြစ်စေရေးနှင့်   ဈေးကောင်းရရှိရေး ဆောင်ရွက်လျက်ရှိမှု၊   နောင်ချိုဒေသ၏   အဓိက စိုက်ပျိုးသီးနှံဖြစ်သည့် ကော်ဖီသီးနှံ စိုက်ပျိုးထားရှိမှု၊ ထွက်ရှိမှုနှင့် ပြည်တွင်း၊ ပြည်ပသို့   အရည်အသွေး ပြည့်မီစွာ   ထုတ်လုပ်ရောင်းချလျက်ရှိမှုနှင့်   ဒေသ တွင်း   စီးပွားရေးလုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြားလိုအပ်သည်များကို တင်ပြဆွေးနွေး ကြသည်။

 
ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ 
ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး


ဆက်လက်ပြီး   လုပ်ငန်းရှင်များ၏  တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စု  ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည် ဆွေးနွေးပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ် များ ချမှတ်အကောင်အထည်ဖော်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏  လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်ရေး အတွက်   ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊   စိုက်ပျိုး မွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ ငွေမှ ရင်းနှီးမတည်ချေးငွေများ ထုတ်ချေးပေးလျက် ရှိမှု၊ အခြားလိုအပ်သည်များကို အားပေးဆောင်ရွက် လျက်ရှိမှု၊ ဆန်၊ ဆီနှင့် အခြေခံစားကုန်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး တာဝန်ရှိသူများက ကြပ်မတ် ဆောင်ရွက်လျက်ရှိသကဲ့သို့    ပြည်သူအားလုံးက လည်း    အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်မှု၊ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး၊ သီးထပ်စွမ်းအားများ  မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ အလေးထားအကောင်အထည်ဖော်ဆောင်ရွက်ပေး လျက်ရှိသဖြင့်   မိမိတို့ဒေသများရှိ    ဦးစီးဌာနများမှ တစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်မှု၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူလူထု တို့၏ လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်ရေး၊   ဝင်ငွေ တိုးပွားစေရေးတို့အတွက် သမဝါယမအသင်းအဖွဲ့ များစုဖွဲ့၍ လိုအပ်သည့်သွင်းအားစုများ၊ နည်းပညာ၊ စက်ကိရိယာနှင့် အရင်းအနှီးများ ကူညီဆောင်ရွက် ပေးလျက်ရှိမှုနှင့် ထွက်ရှိလာသည့် စိုက်ပျိုးမွေးမြူ ရေးထုတ်ကုန်များ      ဈေးကွက်ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိမှု၊  သစ်အချောထည်ပစ္စည်း များကို နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် တင်ပို့လိုခြင်း အပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက် သွားရန်လိုအပ်မှု၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ တွင် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ် သည့်   ဘိလပ်မြေထုတ်လုပ်နိုင်မည့်   အရင်းအမြစ် များစွာရှိသည့်အတွက် ပြည်တွင်းလိုအပ်ချက်ပြည့်မီ နိုင်ရေး  တိုးမြှင့်ထုတ်လုပ်သွားရန် လိုအပ်မှု၊  နိုင်ငံ တကာကုန်သွယ်မှုစနစ်များ တိုးတက်မြင့်မားလာမှု၊ နယ်စပ်ကုန်သွယ်မှုများ    လျင်မြန်ချောမွေ့စေရေး အတွက်   ယွမ်-ကျပ်  ကုန်သွယ်မှုများကို   ခွင့်ပြု ဆောင်ရွက်ပေးထားရှိမှု၊ တရားမဝင်ကုန်သွယ်မှုများ သည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်စေ နိုင်သည့်အတွက် လုပ်ငန်းရှင်များအားလုံး ဝိုင်းဝန်းတိုက်ဖျက်ဆောင်ရွက်သွားကြရန် လိုအပ်မှု၊ ပို့ကုန် ပစ္စည်းများ တင်ပို့ရာတွင်လည်း တရားမဝင်ကုန်သွယ် မှုများ မရှိစေရေး QR Code စနစ်ဖြင့် လိုင်စင်များ ထုတ်ပေးလျက်ရှိပြီး ကုန်စည်စီးဆင်းမှုများ လွယ်ကူ လျင်မြန်စေရေး     စိစစ်ဆောင်ရွက်လျက်ရှိသဖြင့် ပို့ကုန်လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် လုပ်ထုံး လုပ်နည်းနှင့်အညီ     မှန်မှန်ကန်ကန်    လိုက်နာ ဆောင်ရွက်ရန်လိုအပ်မှုတို့နှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ် အတွင်း MSME  လုပ်ငန်းများ    ဖွံ့ဖြိုးတိုးတက်ရေး ဒေသခံတိုင်းရင်းသားပြည်သူများနှင့်   စီးပွားရေး လုပ်ငန်းရှင်များ၏ တင်ပြချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်     အမြဲမပြတ်    ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိမှု၊ ယနေ့ အခမ်းအနားတွင် ပါဝင်သည့် တင်ပြချက်များအပေါ် ပြည်နယ်အစိုးရ အဖွဲ့မှ ဆောင်ရွက်ပေးနိုင်သည်များကို ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြဆောင်ရွက်သွားရန် လိုအပ်သည်များကိုလည်း အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေ အနေများကို ဆွေးနွေးပြောကြားသည်။


MSME စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိ


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်က    အမှာစကား ပြောကြားရာတွင်     မိမိအနေဖြင့်     နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်၍ စီးပွားရေးလုပ်ငန်းများ      ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး    တွေ့ဆုံဆွေးနွေးမှုများကို   ဆောင်ရွက်လျက်ရှိရာ   ယနေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့်  အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခြင်းသည် (၂၃) ကြိမ်မြောက်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံစီးပွားရေး   ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစား၊   အငယ်စားနှင့်    အလတ်စားကုန် ထုတ်လုပ်ခြင်းများ တိုးတက်အောင်   ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊   ထို့ကြောင့် ဒေသတွင်းမှ   ထွက်ရှိ သည့်    စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို အခြေခံ ၍ MSME လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း များကို  ဆောင်ရွက်ခြင်းသည်    နိုင်ငံစီးပွားရေးကို တိုးတက်စေမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့်  MSME  စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း။


နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေး 
အရ သဘောထားကွဲလွဲမှုတို့ကြောင့် ပေါ်ပေါက်လာ
ခဲ့သော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး 
ငြိမ်းချမ်းမှုရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ 


လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA)ချုပ်ဆိုမှု (၈) နှစ်မြောက်နှစ်ပတ်လည် နေ့ဖြစ်ကြောင်း၊ ယခင်က အကြောင်းအမျိုးမျိုးကြောင့် ငြိမ်းချမ်းရေးနှစ်ပတ်လည်နေ့ကို ကျင်းပပြုလုပ်နိုင် ခဲ့ခြင်းမရှိကြောင်း၊ ယခုနှစ်တွင် အဆိုပါအခမ်းအနား ကို အဓိပ္ပာယ်လေးနက်စွာဖြင့် ကျင်းပပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊     မိမိတို့နိုင်ငံ၌ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေခြင်း ကို သုံးသပ်ကြည့်မည်ဆိုပါက နိုင်ငံရေးအရ သဘော ထားကွဲလွဲမှုများ၊ တိုင်းရင်းသားရေးအရ သဘောထား ကွဲလွဲမှုများ၊ ဘာသာရေး အရ သဘောထားကွဲလွဲမှုများ စသည်တို့ကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရ ကြောင်း။


နိုင်ငံရေးအရ     သဘောထားကွဲလွဲမှုများနှင့် ပတ်သက်၍  ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည်  တစ်နိုင်ငံ နှင့်တစ်နိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် နိုင်ငံရေးစနစ်များ တူညီမှုမရှိကြကြောင်း၊ မိမိတို့နိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးကာလတွင်     ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြောင်း၊   လွတ်လပ်ရေးကြိုးပမ်းခဲ့စဉ် ကတည်းက လွတ်လပ်ရေးသည် ပထမ၊ ဒီမိုကရေစီ ရေးသည် ဒုတိယ၊ ဆိုရှယ်လစ်ရေးသည် တတိယ ဟူ၍ ကြွေးကြော်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ လွတ်လပ်ရေးမရမီကာလနှင့် လွတ်လပ် ရေးရပြီးကာလတွင် ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင် စနစ်တို့၏ အားပြိုင်ခဲ့မှု၊ အယူဝါဒ ကွဲပြားမှုများကြောင့် ၁၉၄၈ ခုနှစ် မတ်လတွင် ကွန်မြူနစ်ပါတီ တောခိုခဲ့ ကြောင်း၊ ထို့နောက် KNDO ကဲ့သို့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ  ပေါ်ပေါက်လာခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တော်လှန်ရေးကောင်စီ နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတို့က အုပ်ချုပ် ဆောင်ရွက်ခဲ့ပြီး စီမံခန့်ခွဲမှု အားနည်းချက်တို့ကြောင့် စီးပွားရေးကျဆင်းခဲ့ကာ ၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်ပေါ်လာခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် အရေးအခင်းကို ဒီမိုကရေစီတောင်းဆိုသည့်    ဖြစ်စဉ်တစ်ခုအဖြစ် သာ    ယေဘုယျသဘောထားကြသော်လည်း      ၎င်း နောက်ကွယ်၌ ဖြစ်ပွားရသည့်  အကြောင်းရင်းများစွာ ရှိသည်ကို    လေ့လာတွေ့ရှိနိုင်ကြောင်း၊   ဆိုရှယ်လစ် စနစ်ကို မကြိုက်နှစ်သက်ခြင်းကြောင့်  ပါတီစုံဒီမို ကရေစီစနစ်ကို  တောင်းဆိုခဲ့ကြကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း   တပ်မတော်အစိုးရတက်လာခဲ့ပြီး   ပြည်သူလူထု၏ ဆန္ဒနှင့်အညီ  ပါတီစုံဒီမိုကရေစီစနစ် သွားနိုင်ရေး       ဦးတည်ဆောင်ရွက်ခဲ့ကြောင်း၊  ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရေး     ကိုက်ညီသည့်   ဖွဲ့စည်းပုံအခြေခံဥပဒေ   ရေးဆွဲနိုင်ရေးဆောင်ရွက် ခဲ့ရကြောင်း၊ တိုင်းရင်းသားပြည်သူလူထုနှင့်  အလွှာ ပေါင်းစုံမှ အစုအဖွဲ့များပါဝင်သော အမျိုးသားညီလာခံ ၌ အချေအတင်ဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ်၌  ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့်  အတည် ပြုနိုင်ခဲ့ကြောင်း။


မိမိတို့နိုင်ငံတွင် ကျင့်သုံးခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေများကို ကြည့်မည်ဆိုပါက လွတ်လပ်ရေးရပြီး နောက် ၁၉၄၇ ခုနှစ်တွင် တိုင်းပြုပြည်ပြုလွှတ်တော်က အတည်ပြုရေးဆွဲခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ (၁၉၄၇ ခုနှစ်)သည် ပြည်သူလူထုတစ်ရပ်လုံး မဲပေးအတည်ပြုခဲ့သည့် ဥပဒေမဟုတ်ဘဲ တိုင်းပြု ပြည်ပြုလွှတ်တော်က  အချို့သော ပညာရှင်များ၏ အကြံဉာဏ်များရယူကာ ရေးဆွဲအတည်ပြုခဲ့သည့် ဥပဒေဖြစ်ကြောင်း၊  ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄ ခုနှစ်)သည် မူကြမ်း သုံးကြိမ်အထိ ရေးဆွဲ၍ ပြည်သူ လူထုအား ချပြပြီးမှ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ် ၍ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)  သည်လည်း  ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်၍      အတည်ပြုခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို လေ့လာ ကြည့်ပါက ဖက်ဒရယ်ဟု တိုက်ရိုက်သုံးစွဲထားခြင်းမရှိသော်လည်း   အာဏာကို     ခွဲဝေကျင့်သုံးသည့် ဖက်ဒရယ်၏  လုပ်ထုံးလုပ်နည်းများပါပြီးဖြစ်သည် ကို လေ့လာသိရှိနိုင်ကြောင်း၊    ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ကျေးလက်ကိုအခြေခံပြီး ကျေးလက်ကို ပေါင်းစည်း၍ မြို့နယ်၊ မြို့နယ်မှ ခရိုင်၊ ခရိုင်မှ တိုင်း ဒေသကြီးနှင့်  ပြည်နယ်ဖြစ်လာပြီး  ထိုမှတစ်ဆင့် ပြည်ထောင်စုဖြစ်လာကြောင်း၊      ထိုအတွင်းမှ တူညီသည့် တိုင်းရင်းသားများ ပြားသည့်ဒေသများ၌ ဖွဲ့စည်းပုံအခြေခံဥပဒေအရ   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ တိုင်းများအဖြစ် ဖွဲ့စည်းဆောင်ရွက်ပေးထား ခြင်းဖြစ်ကြောင်း။


ယခုအခါတွင် မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီ စနစ်ကို    လျှောက်လှမ်းလျက်ရှိပြီး    နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထား ကွဲလွဲမှုများ   မဖြစ်သင့်တော့ဘဲ    ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီနှင့်     လွှတ်တော်လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ NCA စာချုပ်ကို   ၂၀၁၅   ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံ တကာမှ အသိသက်သေများ၊  ပြည်တွင်းအသိသက်သေ များ ရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာလက်မှတ်ရေးထိုးခဲ့ကြကြောင်း၊    Union Accord    အဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ် မှုမရှိ တည်ရှိနေမည့်စာချုပ်ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက် ၍ NCA စာချုပ်အပေါ်တွင်သာ ခိုင်ခိုင်မာမာရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊      လာမည့် အောက်တိုဘာ  ၁၅    ရက်တွင်     ကျရောက်မည့်  (၈) နှစ်မြောက် NCA နှစ်ပတ်လည်နေ့အခမ်းအနားကို လည်း  လက်တွေ့ကျကျ၊  အဓိပ္ပာယ်ရှိရှိ၊   အလေး အနက်ထား၍ စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး မိမိတို့ အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်မှု ရရှိစေရေး   ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း။


လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိ


တပ်မတော်အနေဖြင့် ပြည်သူလူထုလိုလားသော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ကို မရရအောင် ဖော်ဆောင်ပေးခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ များတွင်    အနိုင်ရပါတီများ   အစိုးရဖွဲ့နိုင်ရေး   တပ်မတော်အနေဖြင့် လက်တွဲညီညီ   အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နောက်ပိုင်းတွင် နိုင်ငံရေးအရအသုံးချ၍ မရိုးမသားဆောင်ရွက်မှုများ ကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်တို့တွင် အသုံးချခြင်းများ လုပ်ဆောင်လာခဲ့သည်ကို တွေ့ခဲ့ရ ကြောင်း၊  အုပ်ချုပ်ရေးပိုင်း၊   စီးပွားရေးပိုင်းတို့တွင် အားနည်းချက်များ   ဖြစ်ပေါ်ခဲ့ပြီး  ယဉ်ကျေးမှုပိုင်း ဆိုင်ရာတွင်လည်း    မြန်မာ့ထုံးတမ်းစဉ်လာနှင့် မကိုက်ညီသည့်ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ကာ စည်းလုံး ညီညွတ်မှုများ ပျက်ပြားခဲ့ရကြောင်း၊ တပ်မတော် အနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည် ဟု ပြောကြားခဲ့ကြောင်း၊ ၎င်းတို့၏  လုပ်ဆောင်မှုများ အရ  ထောက်ခံမှုများ ကျဆင်းလာခဲ့ရာ ရွေးကောက်ပွဲ တွင် မရိုးမသားသည့် နည်းလမ်းများဖြင့် အနိုင်ရရှိရေး ဆောင်ရွက်ခဲ့သည်ကို   တွေ့ရှိရကြောင်း၊    မဲစာရင်း ကွဲလွဲမှုများကိုဖြေရှင်းဆောင်ရွက်ပေးရန် တပ်မတော် မှ   ပြောကြားခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိ သဖြင့်   တပ်မတော်မှ    နိုင်ငံတော်၏   တာဝန်များကို   ဥပဒေနှင့်အညီ   ဝင်ရောက်ထိန်းသိမ်းဆောင်ရွက် ခဲ့ရခြင်းဖြစ်ကြောင်း၊  တပ်မတော်အနေဖြင့်   ပါတီစုံ ဒီမိုကရေစီလမ်းကြောင်း  ခိုင်မာရေးကိုသာ  အဓိက ဆောင်ရွက်လျက်ရှိကြောင်း။
လက်ရှိအချိန်တွင်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်   လွတ်လပ်၍    တရားမျှတသည့် ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲကျင်းပ နိုင်ရေးကို   ရည်မှန်းချက်ထား   ဆောင်ရွက်လျက်ရှိ ကြောင်း၊   ထိုသို့ဆောင်ရွက်ရာတွင်   တစ်နိုင်ငံလုံး အကြားအလပ်မရှိ   ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး မဲစာရင်းအခြေခံအချက်အလက်များ မှန်မှန်ကန်ကန် ဖြစ်အောင် ပြန်လည်ပြုစုရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူ၍  ရွေးကောက်ပွဲကို    အစောဆုံးကာလတွင် ပြန်လည်ကျင်းပနိုင်ရေး   စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်း ရာတွင်  တည်ငြိမ်အေးချမ်းမှုရှိရန်   အဓိကလိုအပ် သည့်အတွက် တည်ငြိမ်အေးချမ်းမှုရှိရေးကို မိမိတို့ အနေဖြင့်   ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး   ဒေသ တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေစိုးမိုးရေး အတွက် ဒေသခံပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ တွင် တည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက်လည်း အားလုံးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း။


ဒေသတစ်ခုချင်းစီအလိုက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို မြှင့်တင်နိုင်မည်


မိမိတို့နိုင်ငံသည် ခေတ်အဆက်ဆက် အားနည်း ချက်များရှိခဲ့ခြင်းကြောင့် စီးပွားရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အခြားတိုင်းပြည်များထက် တိုးတက်မှုနှုန်း   နည်းပါးသည်ကို   တွေ့ရကြောင်း၊ နိုင်ငံ့စီးပွားရေးတိုးတက်မှုနည်းပါးခြင်းကြောင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို   အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်း  မရှိကြောင်း၊  မိမိတို့ နိုင်ငံ၏ GDP မှာ ဒေသတွင်းနိုင်ငံများထက် နည်းပါး လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ် မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းဖြင့် နိုင်ငံ ၏ GDP များတိုးတက်လာမည်ဖြစ်၍ MSME လုပ်ငန်း များကို မိမိတို့အနေဖြင့် အားပေးမြှင့်တင်နေခြင်းဖြစ် ကြောင်း၊ ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက် ရန်လိုအပ်သကဲ့သို့ ကုန်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး   စားသုံးမှုနှင့်ထုတ်လုပ်မှုများ   မျှတမှု ရှိစေရေးအတွက် ဆောင်ရွက်ရန်လိုကြောင်း၊ စားသုံး ဆီဈေးနှုန်းများ ကြီးမြင့်ခဲ့မှုနှင့်ပတ်သက်၍  နိုင်ငံ တော်အနေဖြင့် ကြပ်မတ်စီမံဆောင်ရွက်ခဲ့သော်လည်း ဝိသမလောဘသားများ၏ မတော်လောဘစိတ်များ ဖြင့်  ဆောင်ရွက်ခဲ့ခြင်းကြောင့်   ထိုက်သင့်သည့် ဈေးထက်   မြင့်မားခဲ့သည်ကို     တွေ့ရှိရကြောင်း၊ ယခုအခါ ထိုက်သင့်သည့်အရေးယူမှုများကို ဆောင် ရွက်ခဲ့သဖြင့် ဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ ကြောင်း။


ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ဒေသနှင့် ဒေသခံ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဒေသနှင့် ကိုက်ညီသည့်   စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်    မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်၍ အသားထုတ်လုပ်မှုမှ အေးခဲ အသားများကို   အိမ်နီးချင်းနိုင်ငံများသို့   တင်ပို့ ရောင်းချနိုင်ကြောင်း၊  မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သည့်  အစာကုန်ကြမ်းများကိုလည်း   ဒေသ တွင်း၌ရရှိနိုင်ကြောင်း၊   ကုန်ထုတ်လုပ်မှုများကို တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းဖြင့် တစ်ဦးချင်း စီးပွားရေးတိုးတက်မှုမှ ဒေသစီးပွားရေး တိုးတက်မှု ကို  ဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊    စိုက်ပျိုးရေးနှင့် ပတ်သက်၍ ဒေသတွင် အောင်မြင်ဖြစ်ထွန်းသည့် ကော်ဖီနှင့်လက်ဖက်များကို အဓိကစိုက်ပျိုးကြသည် ကို တွေ့ရှိရပြီး ကော်ဖီနှင့်လက်ဖက်သည် နိုင်ငံတကာ ဈေးကွက်လိုအပ်ချက်ရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် နည်းစနစ်ကျနပြီး အရည်အသွေးပြည့်မီသည့် ကော်ဖီ နှင့်   လက်ဖက်ထုတ်ကုန်    ထုတ်လုပ်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားကြရန် လိုကြောင်း။


စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက် ပြီး   တန်ဖိုးမြှင့်ထုတ်ကုန်များ   ထုတ်လုပ်နိုင်ရန် အတွက် ကျွမ်းကျင်လုပ်သား လူသားအရင်းအမြစ်များလိုအပ်ကြောင်း၊ ထို့ကြောင့် အတန်းပညာများ မြင့်မားစေရေး ပညာရေးကို အားပေးဆောင်ရွက်ရန် လိုကြောင်း၊    စိုက်ပျိုးမွေးမြူရေးနှင့်    နည်းပညာ အထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိပြီး ထိုမှတစ်ဆင့် သက်ဆိုင်ရာဘာသာရပ် အလိုက် ထူးချွန်သူများကို တက္ကသိုလ်၊ ကောလိပ်များ ၌ ဆက်လက်ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်း အမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။


လမ်းပန်းဆက်သွယ်မှု      လျင်မြန်ချောမွေ့ပြီး ကုန်စည်စီးဆင်းမှုများ လွယ်ကူလျင်မြန်မှုရှိမှသာ လျှင်လည်း ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအတွင်း ပို့ဆောင်ဆက်သွယ်မှုများ ပိုမိုကောင်းမွန်လာစေရေး အတွက်  လားရှိုးလေဆိပ်၊ လေယာဉ်ပြေးလမ်းအဆင့် မြှင့်တင်ရေးလုပ်ငန်းများကို   ဆောင်ရွက်လျက်ရှိ ကြောင်း၊ လားရှိုး-မန္တလေး ရထားလမ်း ပြန်လည် ပြေးဆွဲနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိ သကဲ့သို့ လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် ရထားလမ်းဖောက်လုပ်နိုင်ရေးအတွက်လည်း  စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိကားလမ်းကို လည်း လေးလမ်းသွားအဖြစ် အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး     ဆက်လက်၍လည်း  ခြောက်လမ်းသွားအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကူးလူးဆက်သွယ်သွားလာမှု များ အဆင်ပြေချောမွေ့လာမည်ဆိုပါက ရှမ်းပြည် နယ်(မြောက်ပိုင်း)ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဒေသ တစ်ခုချင်းစီအလိုက်   ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်လာ စေမည်ဖြစ်ကြောင်း။


ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသသည် ခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်သည့် သဘာဝရေမြေ တောတောင်အလှအပများနှင့် အရင်းအမြစ်များစွာ ရှိပြီးဖြစ်သည့် ဒေသဖြစ်ကြောင်း၊ ဂုတ်ထိပ်တံတားနှင့် တောတောင်ရေမြေသဘာဝအလှများသည် ခရီးသွား များကို ဆွဲဆောင်နေသည့် နေရာတစ်ခုဖြစ်ကြောင်း၊ မိမိတို့ဒေသအတွင်း  သာယာလှပရေး၊   သန့်ရှင်း သပ်ရပ်ပြီး မျက်စိပသာဒဖြစ်ဖွယ်ရှိစေရေးအတွက် အားလုံး ဝိုင်းဝန်းဆောင်ရွက်သွားမည်ဆိုပါက ခရီး သွားများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဒေသ ထွက်အစားအစာများ အရည်အသွေးကောင်းမွန်ရေး၊ တည်းခိုနေထိုင်ရေး၊ သွားလာရေးများကို ကောင်းမွန် အောင် ဆောင်ရွက်ပြီး ကောင်းမွန်သည့် ဝန်ဆောင်မှု ကို ပေးနိုင်မှသာလျှင် ပြည်တွင်းပြည်ပ ခရီးသွားများ ကိုဆွဲဆောင်နိုင်မည်ဖြစ်ပြီး ဒေသတွင်းသို့ ခရီးသွား များ လာရောက်ခြင်းဖြင့် ဒေသ၏  လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို   ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသ တည်ငြိမ်အေးချမ်းမှုရှိရန်    လိုအပ်သည့်အတွက် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို    ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း။


မိမိတို့အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေသည်နှင့်အညီ    ဥပဒေပညာနှင့် ပတ်သက်၍    သိရှိနားလည်ရန်   လိုအပ်သဖြင့် တက္ကသိုလ်များ၌ ဥပဒေဘာသာရပ်များနှင့် စီးပွားရေး ဘာသာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း၊ အဆိုပါ   ပညာရပ်များနှင့်ပတ်သက်၍   ပြန်လည် မျှဝေပေးမည်ဆိုပါက    အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊ ယခုကဲ့သို့ လာရောက်တွေ့ဆုံချိန် တွင် ပြည်ထောင်စုဝန်ကြီးများအနေဖြင့် ထိုက်သင့် သည့်  ဆွေးနွေးမှုများကို   ဆောင်ရွက်ပေးသကဲ့သို့ မိမိအနေဖြင့်လည်း နိုင်ငံ့အရေး၊ နိုင်ငံ့စီးပွားတိုးတက် ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း၊ မိမိတို့ဆွေးနွေးပြောကြားခဲ့သည့် အကြောင်းအရာ များကို ပြန်လည်တွေးခေါ်သုံးသပ်၍ မိမိတို့ဒေသနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊  တည်ငြိမ်အေးချမ်း ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နိုင်မည်ဟု ယုံကြည် ပါကြောင်း ပြောကြားသည်။
ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ         နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက် သည်။


ဒေသထုတ်ကုန်ပစ္စည်းခင်းကျင်းထားရှိမှုအား ကြည့်ရှုအားပေး


ဆက်လက်၍      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ      နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့်   သယံဇာတတွင်းထွက် ထုတ်ကုန်များ၊  စားသောက်ကုန်၊   လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှု ထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးများ  စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက်     စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး   ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ  လုပ်ငန်းအလိုက်   စီးပွားရေး လုပ်ငန်းရှင်များက        လိုက်လံရှင်းလင်းတင်ပြ ခဲ့ကြသည်။


လားရှိုးလေဆိပ် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင် 
နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး


ထို့အပြင် ယနေ့နံနက်ပိုင်းတွင်လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်အဖွဲ့ဝင်များသည် လားရှိုးလေဆိပ် လေယာဉ် ပြေးလမ်း   အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအခြေ အနေများကို      သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ခရီးသွားလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသနှင့်ဒေသခံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို  အထောက် အကူပြုစေရန်ရည်ရွယ်၍ ရေရှည်ကို မျှော်တွေးကာ ယခုကဲ့သို့ လေယာဉ်ပြေးလမ်းအား ဂျက်လေယာဉ် များ ဆင်းသက်နိုင်သည့်  ပြေးလမ်းအဖြစ်  အဆင့် မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်သဖြင့် လုပ်ငန်းဆောင်ရွက် မှုများကို  အရည်အသွေးပြည့်မီစွာဖြင့်  သတ်မှတ် ကာလအတွင်း ပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက် ကြရန်နှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်