“စိန်သရဖူအငြိမ့်” ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်  နိုဝင်ဘာ   ၄ 


အများပြည်သူပျော်ရွှင်စေရန်၊    အပန်းပြေစေရန် နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ   ဖျော်ဖြေရေးအစီအစဉ် များကို  တင်ဆက်လျက်ရှိရာ  “စိန်သရဖူအငြိမ့်” ဖျော်ဖြေပွဲကို နိုဝင်ဘာ ၆  ရက် (စနေနေ့) ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား ၏    MRTV-HD Channel မှ   ထုတ်လွှင့်ပြသမည် ဖြစ်သည်။

 


ယင်းဖျော်ဖြေမှုကို   အောင်ဗိုလ်ဝမ်းနှင့်အဖွဲ့ (ဆိုင်း)၏ တီးခတ်မှုနှင့်အတူ ခေါင်းဆောင်မင်းသမီး  နွယ်နီဝင်း၊ ရှေ့ထွက်မင်းသမီး   အေးသူဇာကျော်၊  လူရွှင်တော်များဖြစ်ကြသည့်  ဗျိုင်းဖြူ၊    လက်ရာ၊ ဂျိုးဖြူနှင့် ရှယ်လေးတို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

 


ထိုသို့ တင်ဆက်မှုကို နိုဝင်ဘာ ၁၀ ရက် (ဗုဒ္ဓဟူး နေ့) မွန်းလွဲပိုင်း National News အစီအစဉ်အပြီး တွင်  ဒုတိယအကြိမ်    ထပ်မံထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်