စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ပေါင်းစပ်အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ကြရမည်

 

 

နေပြည်တော် ဒီဇင်ဘာ ၁၃ 
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
အစည်းအဝေးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ သယံဇာတနှင့်  သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက (၆) ကြိမ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင် ဆိုင်ရာအစီရင်ခံစာ   (Global   Environment Outlook-6)တွင်  ပတ်ဝန်းကျင်နှင့်   ဂေဟစနစ်များ ထိန်းသိမ်းကာကွယ်မှုမရှိခဲ့ခြင်းကြောင့်   ကမ္ဘာ့ဂေဟ စနစ်၏ ဝန်ဆောင်မှုတန်ဖိုးသည် နှစ်စဉ် အမေရိကန် ဒေါ်လာ  ၄  ထရီလီယံမှ  ၂၀  ထရီလီယံအတွင်း ဆုံးရှုံးနေကြောင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် နှစ်စဉ် ၄ ဒသမ ၆ ထရီလီယံခန့် ဆုံးရှုံးနေရပြီး ကမ္ဘာ့ စီးပွားရေး ထုတ်လုပ်မှု၏ ၆ ဒသမ ၂ ရာခိုင်နှုန်း ခန့်ရှိ ကြောင်း၊ လေ၊ ရေ ညစ်ညမ်းမှုများကြောင့် နှစ်စဉ် လူဦးရေ ၉ သန်းထက်မနည်း သေဆုံးနေကြောင်း၊ ကမ္ဘာ့မြေ ဧရိယာရဲ့  ၂၉ ရာခိုင်နှုန်း ယိုယွင်းပျက်စီး နေပြီး လူဦးရေ ၁ ဒသမ ၃ ဘီလီယံ မှ ၃ ဒသမ ၂ ဘီလီယံအထိ   သက်မွေးဝမ်းကျောင်းမှုကို  ထိခိုက် လျက်ရှိကြောင်း၊ ပြင်းထန်သည့် မိုးလေဝသ ဖြစ်စဉ် များကြောင့် နှစ်စဉ်အမေရိကန်ဒေါ်လာ ၁၂၇ ဘီလီယံ ဆုံးရှုံးမှုများနှင့်  ကြုံတွေ့ခဲ့ရကြောင်း၊ ဂေဟစနစ် ပျက်စီးဆုံးရှုံးမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ရာသီ ဥတုပြောင်းလဲမှုပြဿနာများကို    ဖြေရှင်းနိုင်ရေး အတွက် ကမ္ဘာ့အဆင့်၊ အမျိုးသားအဆင့်နှင့် ဒေသ အဆင့် အစိုးရများ၊ စီးပွားရေးလုပ်ငန်းများ၊ လူမှုအဖွဲ့ အစည်း၊ ဆက်စပ်ပတ်သက်သူများ အားလုံးပူးပေါင်း ဖြေရှင်းနိုင်သည့် ခိုင်မာသောပတ်ဝန်းကျင်ဆိုင်ရာ စီမံအုပ်ချုပ်မှုသည် အရေးကြီးကြောင်း။
မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကို အခြေခံပြီး  ကဏ္ဍစုံမှ  နိုင်ငံတော်ဖွံ့ဖြိုး တိုးတက် ရေး ဆောင်ရွက်လျက်ရှိရာတွင် စီးပွားရေးနှင့်  လူမှု ရေးဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းများကို  ကော်မတီ၏   ဦးဆောင်မှုဖြင့် ကဏ္ဍအသီးသီးတွင် ပေါင်းစပ်အကောင်အထည်ဖော် နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရာသီဥတု ပြောင်းလဲမှုလျှော့ချရေး၊ လိုက်လျော ညီထွေဖြစ်စေ ရေးတို့အတွက်  မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့်   ပင်မလုပ်ငန်း အစီ အစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် စီမံကိန်း များတွင်         ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလားတူ စွန့်ပစ် ပစ္စည်းများအန္တရာယ်ကို စနစ်တကျစီမံ ဆောင်ရွက် နိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ် ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီ အစဉ်များကို   နေပြည်တော်၊   တိုင်းဒေသကြီး/ ပြည်နယ် စည်ပင်သာယာရေးနှင့်  သက်ဆိုင်ရာဌာန များအနေဖြင့် စနစ်တကျစီမံဖော်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ မြန်မာနိုင်ငံ၏   ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းပါ ရည်မှန်းချက်များကို ဖော်ဆောင်ရာတွင် ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင်     ပတ်ဝန်းကျင်ဆိုင်ရာ၊    ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ၊ အစိမ်းရောင် စီးပွားရေးဖွံ့ဖြိုးရေးဆိုင်ရာ၊   ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းဆိုင်ရာတို့ကို    ဟန်ချက်ညီညီ ပြည်ထောင်စုအဆင့်နှင့်  နေပြည်တော်၊  တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့်အသီးသီးတွင် ထိရောက်စွာ အကောင်အထည်ဖော်နိုင်မှသာ  လက်ရှိကြုံတွေ့နေရ သည့်/နောင်တွင်  ကြုံတွေ့လာနိုင်သည့်   သဘာဝ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများနှင့် ရာသီဥတု ပြောင်းလဲမှု ဆိုးကျိုးများကို လျှော့ချ/ ရှောင်ရှားနိုင် မည် ဖြစ်ကြောင်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်း၊  ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပြည်သူများ၏ ပူးပေါင်း ဆောင်ရွက်မှုသည် အလွန်အရေးကြီးကြောင်း၊ အသိ ပညာပေးခြင်းကို အဓိကလုပ်ငန်းစဉ်တစ်ခု အနေဖြင့် အမြဲမပြတ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ   သတ်မှတ်ချက်များကို လည်း လိုက်နာစေရေးအတွက် ကြပ်မတ်ဆောင်ရွက် ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းစေရေးကို ဦးတည်ပြီး ကော်မတီ၏  လုပ်ငန်းတာဝန်များကို   အကောင် အထည်ဖော်ရာတွင် ရလဒ်ကောင်းများ ရရှိစေရေး အတွက် ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ အတွင်းရေးမှူးက ကော်မတီ၏ ဆောင်ရွက်ပြီးစီးမှုနှင့်   ရှေ့ဆက်လက်  ဆောင်ရွက် မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး ကော်မတီ ဝင်များဖြစ်ကြသည့်   ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊   အမြဲတမ်းအတွင်းဝန်များ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသ ကြီး/ ပြည်နယ်  သယံဇာတရေးရာဝန်ကြီးများနှင့် ဌာနဆိုင်ရာ   အကြီးအကဲများက  ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်   ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍  ကဏ္ဍအလိုက်  မိမိတို့ဆောင်ရွက်လျက်ရှိသောကိစ္စရပ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို    အကြံပြု ဆွေးနွေးကြပြီး ဆုံးဖြတ်ချက်များချမှတ်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မဏိ ရတနာကျောက်စိမ်းခန်းမတွင် ပြုလုပ်သည့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီအစည်းအဝေး သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။  
 သတင်းစဉ်