
ကျိုက်ထို အောက်တိုဘာ ၈
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ တော် တောင် တော်ဖွင့်ပွဲပြုလုပ်ရန် ဩဝါဒစရိယ ဆရာတော်ကြီးများ ထံဩဝါဒါခံယူပွဲ အခမ်းအနားကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်း က ကျိုက်ထိုမြို့နယ် သာသနာ့ ဗိမာန်၌ ကျင်းပသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဆံတော်ရှင် ကျိုက်ထီး ရိုးစေတီတော် ဩဝါဒါစရိယ၊ နိုင်ငံ တော်ဩဝါဒါစရိယ အဂ္ဂမဟာ ကမ္မဌာနာစရိယ ဗောဓိကိုးထောင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိစ္စထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ယင်းနောက် မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဦးမြတ်သွင်၊ မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့် အောင်၊ မွန်ပြည်နယ် သာသနာ ရေးမှူး ဦးအောင်ဝင်းထွန်း၊ ကျိုက်ထိုခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်ထွန်း တို့က သာသနာရေးဆိုင်ရာများ ကို အသီးသီးတင်လျှောက်ကြ ရာ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီ တော် ဩဝါဒါစရိယဆရာတော် နိုင်ငံတော် သံဃမဟာနာယက (အဖွဲ့ဝင်) ဘဒ္ဒန္တအာစာရ မဟာ မရမ်းချိုကျောင်းတိုက်ဆရာတော် အမှူးပြုသော ဆရာတော်ကြီးများ က လိုအပ်သည်များကို ဖြည့်စွက် မိန့်ကြားသည်။
ဆက်လက်၍ ဆရာတော် အရှင်သူမြတ်တို့ထံ နဝကမ္မ လှူဖွယ်ဝတ္ထုများကို ဆက်ကပ် လှူဒါန်းပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းပြီး နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ ကြောင်း သိရသည်။
ဝင်းမောင် (ကျိုက်ထို)