ဆန်ပြည်တွင်းစားသုံးမှုဖူလုံပြီး ပြည်တွင်း မွေးမြူရေးအစားအစာလိုအပ်ချက်များနှင့် ချိန်ညှိ၍ ပိုလျှံသည်များကို ပြည်ပတင်ပို့နိုင်ရေး ဆောင်ရွက်ရမည်

နေပြည်တော် ဇူလိုင် ၆ ဆန်ပြည်ပတင်ပို့မှု လုပ်ငန်းစဉ် များ စဉ်ဆက်မပြတ် ဆက်လက် တိုးတက် ဖွံ့ဖြိုးစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပ သည်။ အစည်းအဝေး တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ယနေ့ ဆွေးနွေးပွဲကို ဆန်ပြည်ပတင်ပို့မှု လုပ်ငန်းစဉ် များနှင့် ဆန်စပါးကဏ္ဍ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်သည်မှ ပြည်ပ တင်ပို့ ရောင်းချသည်အထိ လုပ်ငန်းစဉ် တစ်လျှောက်တွင် ပါဝင်လုပ်ကိုင် ဆောင်ရွက်နေသူ များအားလုံးအနေဖြင့် ကဏ္ဍ တစ်ခုနှင့်တစ်ခုကို ချိတ်ဆက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှု ဖူလုံပြီး ပြည်တွင်း မွေးမြူရေးအစားအစာလိုအပ်ချက်များနှင့် ချိန်ညှိ၍ ပိုလျှံ သည်များကို ပြည်ပတင်ပို့နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လက်ရှိကာလတွင် ကုန်သွယ်မှု ပုံစံများ ပြောင်းလဲလာသည်နှင့် အညီ ကုန်စည်အရည်အသွေး သတ်မှတ်ချက်၊ ဝယ်ယူမှုပုံစံ အသစ်များ၊ တင်ပို့ရောင်းချမှုပုံစံ များ ပြောင်းလဲလာခြင်းကြောင့် ကဏ္ဍအလိုက် စိန်ခေါ်မှုများ ကြုံတွေ့လာရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ဆွေးနွေးပွဲတွင် ကဏ္ဍအလိုက် စိန်ခေါ်မှုများ ကို ရင်ဆိုင်ကျော်လွှားနိုင်မည့် နည်းလမ်းများကို ပွင့်ပွင့်လင်းလင်း ဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်းနှင့် လိုအပ်သည် များကို ညှိနှိုင်းပေါင်းစပ်ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆန်ပြည်ပ တင်ပို့မှုလုပ်ငန်းစဉ်များ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ဆောင် ရွက်နေမှုအခြေအနေ၊ ပြည်တွင်း စိုက်ပျိုးထွက်ရှိမှု၊ ပြည်တွင်း မွေးမြူရေးလုပ်ငန်းများ၏ လိုအပ် ချက်များနှင့် ချိန်ဆ၍ ပြည်ပ တင်ပို့နေမှု၊ ဆန်ထွက်ပစ္စည်း များနှင့် တန်းမြင့်ဆန်များ ပြည်ပ တင်ပို့မှု၊ ပို့ကုန်လိုင်စင်လျှောက်ထားမှုကိစ္စရပ်များနှင့် စပ်လျဉ်းပြီး နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေး စေလိုသည်များကို ဆွေးနွေး တင်ပြသည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် သက်ဆိုင် ရာ အသင်းအဖွဲ့များမှ တာဝန် ရှိသူများက ဆန်စပါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် စိုက်ပျိုး ထုတ်လုပ်သည်မှ ပြည်ပတင်ပို့ ရောင်းချသည်အထိ လုပ်ငန်းစဉ် တစ်လျှောက် ကဏ္ဍအလိုက် လိုအပ်ချက်များအပေါ် ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။ အဆိုပါ ဆွေးနွေးပွဲသို့ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ယမကာ ထုတ်လုပ်ဖြန့်ဖြူးသူများအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင် များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့နှင့် ညီနောင်အသင်း များမှ တာဝန်ရှိသူများ၊ ဆန်ပြည်ပ တင်ပို့သည့် ကုမ္ပဏီများမှ တာဝန် ရှိသူများ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရ သည်။ သတင်းစဉ်