ဆည်တော်ကြီးရေလှောင်တမံ ရေဝင်အားကောင်း၍ ဓာတ်အားပေးစက်ရုံများ လည်ပတ်နိုင်သည့်အပြင် စိုက်ပျိုးရေပါ ပေးဝေနိုင်ပြီ

 

မတ္တရာ  ဩဂုတ်  ၃


မန္တလေးတိုင်းဒေသကြီး   မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံအတွင်း မြန်မာပြည် အထက်ပိုင်းတွင် မိုးများရွာသွန်း၍  ရေများဝင်ရောက် ခဲ့ကာ  ဓာတ်အားပေးစက်ရုံများ  ပုံမှန်လည်ပတ်လျက် ရှိပြီး စိုက်ပျိုးရေများ ပေးဝေလျက်ရှိသည်။

 


သြဂုတ်၂ ရက် နံနက် ၆ နာရီတွင်   ဆည်တော်ကြီး တမံ  ကန်တွင်းရေအမှတ်မှာ  ၃၉၆ ဒသမ ၃ ပေသို့ ရောက်ရှိနေသည်။ ကန်တွင်းရေအနက်မှာ ၉၈ ဒသမ ၃  ပေဖြစ်ပြီး   ရေပမာဏမှာ  ဧကပေ   ၂၁၆၇၄ဝ သိုလှောင်ထားသည်။ ကန်အတွင်းဝင်ရေမှာ ၅၃ဝ၇ ဧကပေရှိသည်။ ရေအားလျှပ်စစ်စက်ရုံ (၁) မှ ၅ ဒသမ ၁ မဂ္ဂါဝပ်၊ ရေအားလျှပ်စစ်စက်ရုံ(၂)မှ ၅ ဒသမ ၃ မဂ္ဂါဝပ်ကို ၂၄ နာရီလျှပ်စစ်ဓာတ်အား  ထုတ်လုပ်ပေး လျက်ရှိပြီး စိုက်ပျိုးရေးအတွက်  မန္တလေးတူးမြောင်း မှ ဆည်ရေ ၈ ဒသမ ၇ ပေနှင့် ရေနံသာတူးမြောင်းမှ    ဆည်ရေခြောက်ပေခန့်   မတ္တရာမြို့နယ်နှင့်  ပုသိမ်ကြီး မြို့နယ်များသို့  စိုက်ပျိုးရေများပေးဝေထားသည်။ ရေပိုလွှဲတံခါးများ ပိတ်ပေးထားသည်။   ဆည်တော်ကြီးရေလှောင်တမံ ကန်ရေပြည့်အမှတ်မှာ ၄၁၉ ဒသမ ၅ ပေနှင့် ရေလှောင်ပမာဏမှာ ဧကပေ ၃၆၃ဝဝဝ ဖြစ်ကြောင်း သိရသည်။

သီဟကိုကို(မန္တလေး)