
ဆင်ပေါင်ဝဲ အောက်တိုဘာ ၇
မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်၌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ရပ်ကွက်နှင့် ကျေးရွာ များသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဇောင်ချမ်းတောင်ကျေးရွာအုပ်စု ဇောင်ချမ်းတောင် ကျေးရွာတွင် ကျေးရွာအတွင်းရှိ မိသားစုဝင်များအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးသိန်းလွင်နှင့် ဝန်ထမ်း များက ပန်းခင်းစီမံချက်ဖြင့် ပုံစံ ၃ (က) ၂၄ ဦး၊ ပုံစံ ၆ (က) သုံးဦး၊ ပုံစံ ၃ (က) မှ ၆ (က) လဲလှယ်သူ ၂၇ ဦးနှင့် မိတ္တူ ၂၉ ဦး စုစုပေါင်း လူဦးရေ ၈၃ ဦး စသည်တို့ကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးကြောင်း သိရသည်။
ချိုချိုဝင်း