နေပြည်တော် အောက်တိုဘာ ၈
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စပါးခွံမှ လျှပ်စစ်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။
အခမ်းအနားတွင် နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦး လွင်က စိုက်ပျိုးရေးကို အခြေခံ၍ ကုန်ထုတ်စီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ရ မည် ဖြစ်ပါကြောင်း၊ ဆန်စပါးမှ ထွက်ရှိသည့် စပါးခွံကို အလေ အလွင့်မရှိစေဘဲ လျှပ်စစ်ထုတ် လုပ်နိုင်ရေးအတွက် တက်ရောက် လာသည့် ကုမ္ပဏီမှ လုပ်ငန်းရှင် များအနေဖြင့် လုပ်ဆောင်ပေးနိုင် သည့် အခြေအနေများ၊ လျှပ်စစ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရ မည့်နည်းလမ်းများကို ဝိုင်းဝန်း အကြံပြု ဆွေးနွေးပေးစေလို ကြောင်း၊ နေပြည်တော်ကောင်စီ နှင့် ဌာနဆိုင်ရာများအနေဖြင့် လည်း လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်း အောင်နှင့် ကုမ္ပဏီလုပ်ငန်းရှင် များက စပါးခွံကို လျှပ်စစ်ထုတ် လုပ်နိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်နှင့် လိုအပ်ချက် အခြေ အနေများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများက စပါးခွံကို လျှပ်စစ် ထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကို ရှင်းလင်းတင်ပြရာ နေပြည် တော်ကောင်စီဥက္ကဋ္ဌက တင်ပြ ချက်များနှင့် စပ်လျဉ်း၍ လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်



