ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ

 

နေပြည်တော်  စက်တင်ဘာ   ၂၇


ဒေသတွင်း     စားနပ်ရိက္ခာဖူလုံ ရေး၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ     စားသောက် ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍     တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ မြို့နယ်အသီးသီး၌  နယ်မြေခံ   တပ်မတော်သားများ က  တန်ဖိုးသင့်ထမင်းဟင်းများ၊ ဟင်းသီးဟင်းရွက်များ         နှင့် တပ်မတော်စက်ရုံထုတ် အသား၊ ငါးဘူးများနှင့်     စားသောက်ကုန် ပစ္စည်းများကို ရောင်းချပေးလျက် ရှိသည်။

 


ထိုသို့ ရောင်းချပေးလျက်ရှိရာ စက်တင်ဘာ ၂၆ ရက်နှင့် ယနေ့ တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး အတွင်း ရှိ မြို့နယ် လေးမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ ခရိုင်များအတွင်းရှိ မြို့နယ်  ၄၄ မြို့နယ်၊    ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်၊       ရခိုင်ပြည်နယ် အတွင်းရှိ   မြို့နယ်  သုံးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး   အတွင်း ရှိ မြို့နယ် ၁၇ မြို့နယ်၊ ချင်းပြည် နယ်အတွင်းရှိ မြို့နယ် သုံးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် လေးမြို့နယ်၊ မကွေးတိုင်း ဒေသကြီးအတွင်းရှိ        မြို့နယ် လေးမြို့နယ်နှင့်    ပဲခူးတိုင်းဒေသ ကြီး တောင်ငူမြို့တို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ တပ်မတော်သားများနှင့် တာဝန်ရှိ သူများက    တပ်ပိုင်နှင့်   တစ်ပိုင် တစ်နိုင်      စိုက်ပျိုးမွေးမြူရေး လုပ်ငန်းနှင့် ဘက်စုံစိုက်ပျိုးမွေးမြူ  ရေးလုပ်ငန်းများမှ   ထွက်ရှိသည့် ဆန်၊  ဆီ၊  ဆား၊  အသား၊   ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန် နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော် စက်ရုံများမှ       ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊    ဘီစကစ်နှင့် စည်သွတ်ဘူးများစသည့်   စား သောက်ကုန်ပစ္စည်းများကို ပြင်ပ ပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့်   ရောင်းချပေးခဲ့ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်