ဆွမ်ပရာဘွမ်မြို့၌ အခြေခံစစ်ရေးပြ(လက်နက်မဲ့)သင်တန်းပို့ချ

 

ဆွမ်ပရာဘွမ်  နိုဝင်ဘာ  ၄


ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ရုံးမှဝန်ထမ်းများအား အ‌ခြေခံစစ်ရေးပြ (လက်နက်မဲ့)သင်တန်းပေးခြင်းကို ယမန်နေ့က  မြို့နယ်ဘန်ရူခန်းမ၌ သင်တန်းပို့ချသည်။

 


အဆိုပါသင်တန်းပို့ချမှုကို မြို့နယ် ကိုဗစ်-၁၉စည်းကမ်းချက်များနှင့် အညီ သင်တန်းပို့ချနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လူဝင်မှုကြီးကြပ် ရေးနှင့်   ပြည်သူ့အင်အားဦးစီးဌာန  ဆွမ်ပရာဘွမ်မြို့နယ်ဦးစီးမှူး ဦးလှငြိမ်း  ဦးဆောင်ကာ  သင်တန်းသားများအား   အခြေခံစစ်ရေးပြ (လက်နက်မဲ့)  ရက်တိုသင်တန်းကို   မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ  (နည်းပြ)တပ်ကြပ်ကြီးစိုးနိုင်က ပို့ချပေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ က ကြည့်ရှုအားပေးကြောင်း သိရသည်။


ဟင်နရီမီကိုဆာ(ဆွမ်ပရာဘွမ်)