
နေပြည်တော် စက်တင်ဘာ ၂၈
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများ၊ ဘာသာရေးကျောင်း များနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်း များ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လိုအပ် သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းကိုင်မြို့ရှိ သမိုင်းဝင်ရွှေမြင်တင်စေတီတော် မြတ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် ကျေးရွာရှိ အာယုဒီကပျိုးဥယျာဉ် စာသင်တိုက်၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် များမှ ဘုန်းတော်ကြီးကျောင်း သုံးကျောင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်း ခုနစ် ကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ မင်္ဂလာဥယျာဉ် ပရိယတ္တိစာသင်တိုက်၊ ခန္တီးမြို့ ကချင်စုကျေးရွာရှိ ထေရဝါဒဗုဒ္ဓ သာသနာပြု ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်မြို့ရှိ ရေသရောက် ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ တံတားဦးမြို့နယ်ရှိ ကြေးနီကန် ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ မကွေးတိုင်းဒေသကြီး မင်းလှမြို့ ဥယျာဉ်ကျေးရွာရှိ သာသနဟိတ ကျောင်းတိုက်တို့မှ သံဃာတော် များနှင့် သာသနာ့နွယ်ဝင် သီလ ရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန် ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့ များက လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။
အလားတူ ပြည်ထဲရေးဝန်ကြီး ဌာန၊ တပ်ဖွဲ့ဝင်၊ ဝန်ထမ်း၊ အရာ ထမ်း၊ အမှုထမ်းမိသားစုများက နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းတို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် စာသင်တိုက် များမှ သံဃာတော်များအား ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံ များ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်