ဆိုးရွားကြမ်းတမ်းသော အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်သွားသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိရောက်ပြင်းထန်စွာ တုံ့ပြန်သွားမည်

 

ဆိုးရွားကြမ်းတမ်းသော  အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင် သွားသူများအား  လုံခြုံရေးတပ်ဖွဲ့ဝင်များက  ထိရောက်ပြင်းထန်စွာ တုံ့ပြန်သွားမည်ဖြစ်ကြောင်းကို  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်  ဗိုလ်ချုပ် ဇော်မင်းထွန်း က အောက်ပါအတိုင်း ဖြေကြားထားသည်-

 


မေး ။    ။    လွိုင်ကော်မှာ ခရီးသည်လေယာဉ်အပစ်ခံရတာနဲ့  ပတ်သက်         ပြီး   ဗိုလ်ချုပ်  ဖြေကြားထားတာကို  ကြားသိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထပ်မံသိချင်တာက ယခုလို ဆိုးရွားရက်စက်တဲ့ လုပ်ရပ်တွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့က ဘယ်လိုဆက်လက် အရေးယူသွားမလဲဆိုတာ ဖြေကြားပေးစေလိုပါတယ်။

 


ဖြေ ။    ။    နိုင်ငံတကာရော၊   ကမ္ဘာမှာပါ   ခရီးသည်တင်လေယာဉ်၊        ခရီးသည်တင်   ရထား ၊ ခရီးသည်တင်  ကား ၊ Public Transportation နဲ့   ပတ်သက်တဲ့လုပ်ငန်းတွေကို   အကြမ်းဖက် တိုက်ခိုက်တာက  ပြည်သူလူထုကို တိုက်ရိုက်ခြိမ်းခြောက်တာဖြစ်ပါ တယ်။ ပြည်သူလူထုအပေါ်ကို  တိုက်ရိုက်အကြမ်းဖက်ဆောင်ရွက်တာဖြစ်ပါတယ်။   လွိုင်ကော်မှာဖြစ်တဲ့    ဖြစ်စဉ်သည်    ခရီးသည် ၆၃ ဦး ပါတဲ့   လေယာဉ်ကို   ပစ်ခတ်တာဖြစ်ပါတယ်။     ခရီးသည်တင် လေယာဉ်က   ရန်ကုန်ကနေထွက်လာတယ်။  ၈  နာရီ   ၄၅ မိနစ် ခန့်မှာ  လွိုင်ကော်လေဆိပ်ကို   ဆင်းသက်ဖို့အတွက် အနိမ့်ပျံသန်း တယ်၊ ကွင်းကိုပတ်ပြီး  ပျံရတယ်။ ဒီလိုအချိန်မျိုးမှာ လေယာဉ်ကွင်းရဲ့ မြောက်ဘက်မှာရှိတဲ့ PDF, KNPP  အကြမ်းဖက်သောင်းကျန်းသူတွေ နေတဲ့ နေရာကနေဖြတ်ရတယ်။  ဖြတ်ရတဲ့အခါမှာ အောက်ကနေ ပြီး လက်နက်ငယ်နဲ့  ပစ်ခတ်တာဖြစ်ပါတယ်။ လေယာဉ်ဝမ်းဗိုက်ပိုင်းမှာ ထိခိုက်တာရှိပါတယ် ။ ခရီးသည်တစ်ယောက်  ဒဏ်ရာရရှိခဲ့တာရှိပါ တယ်။ ဒီကိစ္စ  သတင်းထုတ်ပြန်ပြီးနောက်ပိုင်းမှာ  ပြည်ဖျက်မီဒီယာ တွေက လေဆိပ်မှာပဲ ပစ်ခတ်မှု ဖြစ်ပွားသယောင် ဆောင်ရွက်ခဲ့တာရှိ ပါတယ်။  ဘာကြောင့် သူတို့ဒီလိုဆောင်ရွက်ရသလဲဆိုတာ အကြောင်း ရှိတယ်။   အများပြည်သူနဲ့  သက်ဆိုင်တဲ့  Public Transportation ကိစ္စမှာ အကြမ်းဖက်မှုသည် ပိုပြီးကြီးမားပြီး ရာဇဝတ်မှု ကြီးမားတယ် ဆိုတာ  သိတဲ့အတွက်ကြောင့်  သူတို့အနေနဲ့  ဆင်သေတာကို ဆိတ် သားရေနဲ့ ဖုံးတဲ့ပုံစံမျိုးလိုက်ပြီးလုပ်နေတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ ဆိုးရွားကြမ်းတမ်းတဲ့ ရက်စက်တဲ့ အကြမ်းဖက် လုပ်ရပ်မျိုးကို   လုပ်ဆောင်နေတဲ့သူတွေ၊   လုပ်ဆောင်နေတဲ့ အဖွဲ့ အစည်းတွေအပေါ်မှာ   ထိရောက်ပြင်းထန်စွာ  တုံ့ပြန်သွားမယ်လို့ ပြောချင်ပါတယ်။