ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

 

နေပြည်တော်    ဇူလိုင်   ၁၃
တပ်မတော်   (လေ)   အနေဖြင့် သဘာဝဘေးဒဏ်သင့်    ဒေသ များသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ)  မိသားစုများ၊  စေတနာရှင် အလှူရှင်များက     လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊      ကူညီ ထောက်ပံ့ရေးပစ္စည်းများ၊ အမျိုး သား      သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ်သည့်  ပစ္စည်း များကို    တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်    ကူညီ ပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် စေတနာရှင် အလှူရှင် များက    လှူဒါန်းသည့်    ဆန်၊ သကြား     စသည့်       အခြေခံ စားသောက်ကုန်       ပစ္စည်းများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပေးပို့ သော ဆေးပစ္စည်းများ ၅ ဒသမ ၇၇၂ တန်ကို ရန်ကုန်အပြည်ပြည် ဆိုင်ရာ    လေဆိပ်မှ       စစ်တွေ လေဆိပ်သို့ တပ်မတော် (လေ) မှ လေယာဉ်ဖြင့်        ပို့ဆောင်ပေး ခဲ့သည်။
သဘာဝဘေးဒဏ်သင့်ဒေသ များရှိ      ပြည်သူများအတွက် ကယ်ဆယ်ရေး   ပစ္စည်းများကို တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့်  အချိန်နှင့် တစ်ပြေးညီ   ပို့ဆောင်ပေးလျက် ရှိရာ  ယနေ့အချိန်ထိ  ထောက်ပံ့ ရေးပစ္စည်း  ၅၆၇ ဒသမ ၃ တန်၊ ပြန်လည်ထူထောင်ရေး လုပ်ငန်း များတွင်    ကူညီဆောင်ရွက်ပေး ကြမည့်      တပ်မတော်သားများ နှင့်  ဌာနဆိုင်ရာ ဝန်ထမ်း ၃၅၆၆ ဦးတို့ကို            ပို့ဆောင်ပေးနိုင်ခဲ့ ကြောင်းနှင့်      လေဆိပ်များသို့ ရောက်ရှိသည့်  ကယ်ဆယ်ရေး    ပစ္စည်းများကို မုန်တိုင်းဒဏ်သင့်    ဒေသများသို့  ရဟတ်ယာဉ်များ ဖြင့်     ဆက်လက်ပေးပို့ဖြန့်ဖြူး လျက်ရှိရာ      တာဝန်ရှိသူများက လက်ခံရယူကြကြောင်း    သတင်း ရရှိသည်။
   

သတင်းစဉ်