
နေပြည်တော် ဩဂုတ် ၃
ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများ အား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများဆောင်ရွက် ပေးနိုင်ရန် တပ်မတော် (ရေ)မှ စစ်ရေယာဉ်(မြစ်ကြီးနား)သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဆန်အိတ် ၅၀၀၀၊ ရေစုပ်စက် ၂၀၀၊ မီးစက် ၃၉၉ လုံး၊ မိုးကာတဲ ၂၀၀၊ ခေါက်ဆွဲခြောက် ၃၉၇၉ ဖာ၊ ရေဆူပိုးသတ်ဆေးပြား ပုံး ၅၀၀၊ ကလိုရင်းဒိုင်အောက်ဆိုဒ် ၁၉၉၉ ဘူး၊ ခရီးဆောင်ဆိုလာ မီးအိမ် ၁၂၅ ဖာ၊ ခြင်ထောင် ဖာ ၄၀၀၊ စောင် ဖာ ၂၅၀၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ဆေးပစ္စည်းမျိုးစုံ နှင့် အာဟာရမှုန့်များ ၁၆၁၆ ဖာ၊ ကျန်းမာရေးအသိပညာပေး စာအုပ် ၁၈ ဖာ၊ ပီနံ နှစ်အိတ် စုစုပေါင်း ကုန်တန်ချိန် ၄၅၃ ဒသမ ၂ တန် ခန့်အား ရန်ကုန်မြို့ ဗိုလ်အောင် ကျော် ဆိပ်ကမ်းတံတား၌ တင်ဆောင်၍ စစ်တွေမြို့သို့ ထွက်ခွာသွားသည်။
အဆိုပါ စစ်ရေယာဉ်မှ သယ်ဆောင်လာသည့် ထောက်ပံ့ ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများ အား တာဝန်ရှိသူများထံသို့ စနစ် တကျ လွှဲပြောင်းပေးအပ်၍ မုန်တိုင်းဒဏ်သင့် ပြည်သူများထံ သို့ အမြန်ဆုံးဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်