
နေပြည်တော် မေ ၃၁
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား လိုအပ်သော ပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန် တပ်မတော် (ရေ)မှ ၂၉ မီတာကမ်းထိုး ရေယာဉ် တစ်စီးသည် ရေသန့် ကတ် ၄၀၀၊ ရိက္ခာထုပ် ၅၀၀၊ ဒီဇယ် ကိုးလုံး၊ ဓာတ်ဆီ လေးလုံး၊ တာပေါ်လင် (၁၀ x ၃၀) ချပ် ၁၆၀ ချပ်၊ ပစ္စည်း ၁၄ မျိုးပါ ကော်ပုံး ၂၄ ပုံး၊ ပစ္စည်း နှစ်မျိုးပါ ဆာလာအိတ် ၂၄ အိတ်၊ ၂၀ လီတာ ရေသန့် ဘူး ၂၄ ပုံး၊ ကြိုးခွေ ၁၀ ခွေ၊ 2D ၁၀၄ ဘူး၊ ပေါက်ပြား၊ ပေါက်ချွန်း၊ ချိန်းဇော၊ ရဲဒင်း၊ ဂေါ်ပြား၊ ဓား စသည့် ဆောက်လုပ်ရေးသုံး ပစ္စည်းများ၊ ဆေးပစ္စည်းပုံး သုံးပုံး၊ drip ဘူးပါ ဆာလာအိတ် နှစ်အိတ်၊ ဆေးပေါင်းစုံဖာ တစ်ဖာ၊ မိုးကာလိတ် ၂၀၊ ဖော့ဘူး ၆၀၀၊ ဆန် ၁၉၁ အိတ်၊ ဝေဖာဘီစကွတ် ၁၅ ဖာ၊ သွားတိုက်ဆေး ၉၇ ဖာ၊ ဆီသွတ်ဘူး ခြောက်ဘူး၊ ကြက်ဥ အလုံး ၁၀၀၀၊ မိုးကာစ သုံးထုပ်၊ ဖိနပ် အထုပ်ကြီး သုံးထုပ် စုစုပေါင်း ကုန်တန်ချိန် ၃၄ တန်တို့အား ရေချမ်းပြင် ကမ်းထိုးရပ် ၌ တင်ဆောင်၍ ယနေ့နံနက်ပိုင်းတွင် ရသေ့တောင်ကမ်းထိုးရပ်သို့ ပို့ဆောင် ပေးခဲ့သည်။
အဆိုပါ စစ်ရေယာဉ်များမှ သယ်ဆောင် လာသည့် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေး ပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ် တကျလွှဲပြောင်းပေးအပ်၍ မုန်တိုင်းဒဏ်သင့် ပြည်သူများထံသို့ အမြန်ဆုံး ဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်