
နေပြည်တော် အောက်တိုဘာ ၂၇
ဆေးရုံများအတွက် အီလက်ထရွန်နစ် ကျန်းမာရေးသတင်းအချက်အလက်စနစ် ပိုမိုကောင်းမွန်လာစေ ရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းနှင့် တာဝန်ရှိသူများ၊ တပ်မတော် ကြည်း၊ ရေ၊ လေ သတင်းနှင့် နည်းပညာဌာနမှ ဌာနကြီးမှူး ဗိုလ်မှူးချုပ် မြတ်မင်း ဦးနှင့် တာဝန်ရှိသူများ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် ပြည်သူ့ဆေးရုံ ကြီး ပျဉ်းမနားမြို့မှ ဆေးရုံအုပ် ကြီးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေး သတင်းအချက် အလက်စနစ်မှာ ဆေးကုသရေး လုပ်ငန်း ပိုမိုကောင်းမွန်စေရေး အတွက် အဓိက အထောက်အပံ့ ဖြစ်ပြီး လူနာသတင်းအချက် အလက်များကို အီလက်ထရွန်နစ် နည်းပညာဖြင့် စနစ်တကျဆောင် ရွက်နိုင်ပါက သတင်းအချက် အလက်များကို လျင်မြန်စွာ ကြည့်ရှု သုံးသပ်နိုင်မည်ဖြစ်ခြင်း ကြောင့် ဆေးကုသမှုလုပ်ငန်းသာ မက ရောဂါကာကွယ်ရေးလုပ်ငန်း များကိုပါ အထောက်အပံ့ဖြစ်စေ ပါကြောင်း၊ ဆေးရုံများတွင် စီမံ ခန့်ခွဲမှုအထောက်အကူပြု ကျန်းမာ ရေးသတင်းစနစ် (District Heal-th Information Software– DHIS -2) ကို အသုံးပြု၍ သတင်း အချက်အလက်စနစ်ကို ထူထောင် ထားရှိကာ ဆောင်ရွက်နေပြီး အချို့ဆေးရုံများတွင်လည်း ဆေးရုံ အလိုက် လိုအပ်ချက်အရ Labor-atory services, Radiology services တို့အတွက် အီလက် ထရွန်နစ်စနစ်ဖြင့် ဆောင်ရွက် နေကြသည်များ ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲက သတင်း အချက်အလက်များ၊ မှတ်တမ်းများ စနစ်တကျထားရှိနိုင်ရေး အားပေး လမ်းညွှန်ခဲ့ပါသဖြင့် ဆေးရုံများ အတွက် အီလက်ထရွန်နစ် ကျန်းမာရေး သတင်းအချက် အလက်စနစ်ဆိုင်ရာ လုပ်ငန်းများ ပိုမိုကောင်းမွန်စေရေး အလွယ် တကူအသုံးပြုနိုင်မည့် စနစ် တစ်ခုကို စနစ်တကျတည်ထောင် ဆောင်ရွက်နိုင်ရေး အတွက် ဝိုင်းဝန်းဆွေးနွေးကြရန် ဖြစ်ပါ ကြောင်း၊ အီလက်ထရွန်နစ် နည်းပညာဖြင့် သတင်းအချက် အလက်စနစ် တည်ထောင်ရာတွင် ဆေးရုံတစ်ခုနှင့်တစ်ခု ချိတ်ဆက် နိုင်ရေး၊ ဆေးရုံအတွင်း ဌာနတစ်ခု နှင့်တစ်ခု ချိတ်ဆက်နိုင်ရေးတို့ ကိုပါ စီစဉ်ရန်နှင့် ပြည်သူ့ဆေးရုံ အားလုံး တစ်ပြေးညီအသုံးပြုနိုင် မည့် အီလက်ထရွန်နစ် ကျန်းမာ ရေးသတင်း အချက်အလက်စနစ် အသုံးပြုနိုင်ရေး စီစဉ်ရန် လိုအပ် ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ကျန်းမာရေးသတင်း အချက်အလက်ဌာနခွဲမှ ညွှန်ကြား ရေးမှူး ဒေါက်တာ စန်းဟုန်က လက်ရှိဆောင်ရွက်လျက်ရှိသော ဆေးရုံများအတွက် အီလက် ထရွန်နစ် ကျန်းမာရေးသတင်း အချက်အလက်စနစ် (DHIS-2) ဆောင်ရွက်နေမှုကို လည်း ကောင်း၊ ဆေးရုံအုပ်ကြီးများက ဆေးရုံအလိုက် ဆောင်ရွက်လျက် ရှိသော အီလက်ထရွန်နစ်သတင်း အချက်အလက်စနစ်များကို လည်း ကောင်း ရှင်းလင်းတင်ပြကြပြီး ဗိုလ်မှူးချုပ် မြတ်မင်းဦးက တပ်မတော်ဆေးရုံများ၌ ဆောင် ရွက်လျက်ရှိသော အီလက်ထရွန် နစ် သတင်းအချက်အလက်စနစ် ကို ရှင်းလင်းတင်ပြကာ ပြည်သူ့ ဆေးရုံများ၌ ဆောင်ရွက်နိုင်မည့် အခြေအနေကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံ ကြီး (ခုတင်-၁၀၀၀)၊ ပြည်သူ့ ဆေးရုံကြီး ပျဉ်းမနားမြို့နှင့် အထူးကုဆေးရုံကြီးတစ်ရုံတို့တွင် ရှေ့ပြေး(pilot)အနေဖြင့် စမ်းသပ် ဆောင်ရွက်ကာ ပိုမိုပြည့်စုံသော အီလက်ထရွန်နစ် ကျန်းမာရေး သတင်းအချက်အလက်စနစ်ကို တည်ထောင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်