ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉ ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် လုပ်ငန်းသစ် ၁၃ ခုကို ခွင့်ပြု ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၉၇၂ နေရာကို ဖန်တီးပေးနိုင်မည်

 

နေပြည်တော်  နိုဝင်ဘာ   ၃ 


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၅/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပ သည်။ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မရှင် အဖွဲ့ဝင်များ တက်ရောက်သည်။

 


ယခုအစည်းအဝေးသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ်(ကာလတို)၏ ပထမဆုံး အစည်းအဝေးဖြစ်ပြီး ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉ ခု၏ မတည် ငွေရင်းတိုးမြှင့်ခြင်းအပါအဝင်    စိုက်ပျိုးရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊   ကုန်ထုတ်လုပ်မှုကဏ္ဍ နှင့်  ဝန်ဆောင်မှုကဏ္ဍများ၌ လုပ်ငန်းသစ် ၁၃ ခုကို ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂၀၄ ဒသမ ၈၃၈ သန်းနှင့် ကျပ်သန်း ၂၂၅၅၂၀ ဒသမ ၀၁၅  ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့် အလမ်းပေါင်း ၂၉၇၂ နေရာကို  ဖန်တီးပေးနိုင်မည် ဖြစ်သည်။

 


ယခင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်သည်      မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းအရ အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံဖြစ်ပြီး    ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ကမ္ဘာတစ်ဝန်း စီးပွားရေးလုပ်ငန်း များ ထိခိုက်မှုများရှိနေချိန်တွင် မြန်မာနိုင်ငံသို့ ရင်းနှီး မြှုပ်နှံမှု ပမာဏ ၃ ဒသမ ၈    ဘီလီယံနီးပါးအထိ ဝင်ရောက်ခဲ့ပြီး လျာထားချက်၏ ၆၅ ရာခိုင်နှုန်းကျော် ရရှိခဲ့သည်။

 


၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၁ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍ တွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၅ ဒသမ ၁၈ ရာခိုင်နှုန်း ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစု ပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၂၆ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ 


သတင်းစဉ်