
အမရပူရ ဧပြီ ၁၉
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံ၌ သဘာဝဆိုးဆေး၊ ပန်းပုံရိုက်နှင့် Botanical Printing ဆရာ ဆရာမများ မွမ်းမံ သင်တန်းဆင်းပွဲ၊ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် အတွင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှု ပေးအပ်သောဆောင် ရွက်ရသောလုပ်ငန်းများကို အထူးအလေး ထားဆောင်ရွက်ခဲ့သည့် ထူးချွန်အရာထမ်း၊ အမှုထမ်း နှစ်ဦးအား ထူးချွန်ဆုချီးမြှင့်ခြင်း နှင့် ၂၀၂၃ ပညာသင်နှစ် ပုံမှန်သင်တန်းများတွင် သင်တန်းသားရရှိရေးအတွက် ပူးပေါင်း ဆောင်ရွက်ခဲ့သော အရာထမ်း၊ အမှုထမ်း များအား ဂုဏ်ပြုပွဲကို ဧပြီ ၁၈ ရက်က အဆိုပါ သိပ္ပံအစည်းအဝေးခန်းမ၌ ကျင်းပ သည်။
သင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုပွဲတွင် ကျောင်းအုပ်ကြီးက အမှာစကားပြောကြားပြီး သင်တန်းဆင်း လက်မှတ်များနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း၊ ဝန်ထမ်း များအား နှစ်သစ်ကူးလက်ဆောင်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သွင်ထူးဉာဏ်ဇော်
(မန္တလေး)