
နေပြည်တော် ဇွန် ၂
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး ၊ အဆောက်အဦ၊ လမ်း၊ တံတားနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ ၏ သားသမီးများ ပညာသင် ထောက်ပံ့ကြေး ပေးအပ်ချီးမြှင့် ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးမျိုးသန့်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်း သား ကျောင်းသူများ တက်ရောက် ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး က ဝန်ထမ်းသားသမီးများအား ကျောင်းဖွင့်ရာသီတွင် အချိန်အခါ ရှိခိုက် လုံ့လစိုက်၍ ကျောင်းနေ ပျော်၍ပညာတော်စေရန် ရည်ရွယ် ချက်ဖြင့် နိုင်ငံတော်မှ ကူညီပံ့ပိုး ထောက်ပံ့မှုများရှိသလို ဝန်ကြီး ဌာနအနေဖြင့်လည်း နှစ်စဉ် ပညာသင် ထောက်ပံ့ကြေးပေး လျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူ လေးများကလည်း နိုင်ငံတော်အကျိုး၊ အများပြည်သူ အကျိုးကို သယ်ပိုးထမ်းရွက်နိုင်သူ များဖြစ်အောင် ကြိုးစားစေလိုပါ ကြောင်း။
နိုင်ငံတိုင်း နိုင်ငံတိုင်း မိမိတို့ နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးကိုဖော်ဆောင်နိုင်ရန် လူသား အရင်းအမြစ် (Humen Reso-urces) ကို အဓိကအဖြစ် လက်ခံ ထားကြကြောင်း၊ လူသားအရင်း အမြစ်ဟူသည် “ပညာ” အပေါ် အဓိကမူတည်၍ တည်ဆောက် ခြင်းဖြစ်ပြီး ပညာရေးကို အဓိက အလေးထား လုပ်ဆောင်ကြသည် ကို သိရှိရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူလေးများ အနေဖြင့် အနာဂတ်နိုင်ငံတော်ကြီး အတွက် အားကိုးအားထားပြု ရသော ဉာဏ်ပညာထူးချွန် ထက်မြက်သည့် သားကောင်း ရတနာ၊ သမီးကောင်းရတနာ များဖြစ်အောင် ဆတက်ထမ်းပိုး ကြိုးစားကြရန် လိုပါကြောင်း။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ချမှတ်ထားသည့် ဦးတည်ချက် (၁၂) ရပ်အနက် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမို ကရေစီနိုင်ငံတော်ကြီး တည် ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေး ကဏ္ဍ မြှင့်တင်ရေးဟူသည့် ဦးတည်ချက်ကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ကျောင်းသား ကျောင်းသူလေး များအနေဖြင့် ဘက်စုံထူးချွန် အောင် လေ့လာလေ့ကျင့်သင်ယူ ၍ ကြိုးစားဆောင်ရွက်ကြရန် အလေးအနက် မှာကြားလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ် များက ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တွင် မူလတန်း ၅၇၂ ဦး၊ အလယ် တန်း ၂၃၈ ဦး၊ အထက်တန်း ၂၄၉ ဦး စုစုပေါင်းကျောင်းသား ကျောင်းသူ ၁၀၅၉ ဦးကို ပညာ သင်ထောက်ပံ့ကြေးများ ပေးအပ် ပြီး ကျောင်းသား ကျောင်းသူများ ကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်