စစ်ဦးစီးတက္ကသိုလ်သင်တန်းသည် တပ်မတော်မှဖွင့်လှစ်သည့်သင်တန်းများတွင် စစ်ဘက်ဆိုင်ရာသင်တန်းများ၌အမြင့်ဆုံးဖြစ် သင်တန်းဆင်းချိန်တွင် သင်တန်းမှ သင်ကြားပေးလိုက်သည့် အတွေ့အကြုံများအား အပြည့်အဝအသုံးချရန်လို

 

နေပြည်တော် အောက်တိုဘာ ၂


နိုင်ငံတော်   စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ် မှူးကြီး    မင်းအောင်လှိုင်သည် ကလောမြို့ရှိ  စစ်ဦးစီးတက္ကသိုလ် မှ    နည်းပြအရာရှိကြီးများနှင့် သင်တန်းသား   အရာရှိကြီးများ အား    ယနေ့မွန်းလွဲပိုင်းတွင် ကလောတပ်နယ်ခန်းမ၌ တွေ့ဆုံ အမှာ စကားပြောကြားသည်။


အဆိုပါ       တွေ့ဆုံပွဲသို့   နိုင်ငံတော်         စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊        တပ်မတော် ကာကွယ်ရေး  ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး    ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ် ရေးဦးစီးချုပ်(လေ)   ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊  ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ   တပ်မတော်အရာရှိ ကြီးများ၊    အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊   စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိ ကြီးများနှင့် သင်တန်းသား အရာရှိ ကြီးများ တက်ရောက်ကြသည်။


တန်ဖိုးမဖြတ်နိုင်သည့် စီမံခန့်ခွဲမှုဆိုင်ရာများ ရရှိနိုင်မည်


တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ၊ တပ်မတော်   ကာကွယ်ရေးဦးစီး ချုပ်က  အမှာစကားပြောကြားရာ တွင်   စစ်ဦးစီးတက္ကသိုလ်သင် တန်းသည်  တပ်မတော်မှဖွင့်လှစ် သည့်  သင်တန်းများတွင် စစ်ဘက် ဆိုင်ရာသင်တန်းများ၌  အမြင့်ဆုံး ဖြစ်ပြီး  တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ အရာရှိကြီးများအားလုံး ကို   ပေါင်းစု၍  စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်မှုနှင့်    ဦးဆောင်မှု ဆိုင်ရာတို့ကို     သင်ကြားပေးခြင်း ပင်ဖြစ်ကြောင်း၊    နိုင်ငံတော် ကာကွယ်ရေး  တက္ကသိုလ်သည်  နိုင်ငံရေးအမြင်၊    စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊  ကာကွယ်ရေး အမြင်စသည့်   အမြင်(၄)  မြင်နှင့် ပတ်သက်၍   သင်ကြားပေးသည့် တက္ကသိုလ်တစ်ခု  ဖြစ်ကြောင်း၊ စစ်ဦးစီးတက္ကသိုလ်တွင်    တက် ရောက်နေသူများသည်   အများ အားဖြင့်  ခြေလျင်တပ်ရင်းမှူးများ ဖြစ်ပြီး Commander များဖြစ် ကြကြောင်း၊ Commander များ အဖြစ် တာဝန်ထမ်းဆောင်ရာတွင် တပ်ရင်းတစ်ရင်း၏စီမံခန့်ခွဲရေးနှင့် ပတ်သက်၍ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်  လုပ်ငန်းရပ်များအား ဆောင်ရွက်ရခြင်းဖြစ်ပြီး တပ်ရင်း တစ်ရင်းကို စီမံခန့်ခွဲမှုလုပ်ငန်းများ ကို  စနစ်တကျလေ့လာ၍ ဆောင် ရွက်ပါက  တန်ဖိုးမဖြတ်နိုင်သည့် စီမံခန့်ခွဲမှုဆိုင်ရာ     အတွေ့အကြုံ ကောင်းများကို ရရှိနိုင်မည်ဖြစ်ပြီး အခြားနယ်ပယ်များတွင်လည်း အသုံးချနိုင်မည်ဖြစ်ကြောင်း။


မှတ်စု ရေးမှတ်တတ်သည့်  အလေ့အကျင့်ကောင်းမွေးမြူ


တပ်ရင်းမှူးတစ်ဦး၏ တာဝန် ဝတ္တရားများသည်   အလွန်ကျယ် ပြန့်သည့်အတွက်   တာဝန်ထမ်း ဆောင်ရာတွင်   စနစ်ကျနမှုရှိရန် လိုပြီး   အမြဲမပြတ်လေ့လာနေရ မည်ဖြစ်ကြောင်း၊ ထို့ပြင် တစ်ဆင့် မြင့်ရာထူးတာဝန်များကို   ထမ်း ဆောင်ရမည့်   အချိန်တွင်   လုပ် ဆောင်နိုင်မည့်အရာများ၊    လုပ် ဆောင်သင့်သည်များကို   မှတ်စု ရေး မှတ်ထားရှိတတ်သည့် အလေ့ အကျင့်ကောင်း       မွေးမြူရန် နှင့်      အမှန်တကယ်တာဝန် ထမ်း‌ဆောင်ရသည့်   အချိန်တွင် မိမိ   မှတ်သားထားသည်များနှင့် ချိန်ထိုးသုံးသပ် လုပ်ဆောင်ပါက အခက်အခဲမရှိ       တာဝန်ထမ်း ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကြုံ တွေ့လာရနိုင်သည့်    အခက်အခဲ များအား   မည်သို့မည်ပုံဖြေရှင်းဆောင်ရွက်ရမည်ကို    ကြိုတင် စဉ်းစားထားရန်လိုကြောင်း၊ တပ် ရင်းမှူးတာဝန်ကို   မူတည်ပြောဆို ခြင်းဖြစ်ပြီး   သင်တန်းသားများ အနေဖြင့် မိမိတို့ထမ်းဆောင်နေရ သည့်        လုပ်ငန်းတာဝန်များ နှင့်   နှိုင်းယှဉ်ဆောင်ရွက်ကြစေလို ကြောင်း။


သင်တန်းဆင်းချိန်တွင်   သင် တန်းမှ  သင်ကြားပေးလိုက်သည့် အတွေ့အကြုံများအား    အပြည့် အဝအသုံးချရန်လိုကြောင်း၊   စစ် အခြေခံ     သဘောတရားများကို စာတွေ့၊  လက်တွေ့  ဟန်ချက်ညီ လက်တွေ့အသုံးချရန်လိုကြောင်း၊ အခြား စစ်ပညာနှင့် ပတ်သက်၍ အခြေခံသင်တန်းများတွင်  တက် ရောက်ထားကြသူများ    ဖြစ်ပြီး ယခုသင်တန်းတွင်  အသိပညာနှင့် အတတ်ပညာများဖြင့်   အတွေ့ အကြုံရှိသည့်     နည်းပြများဖြင့်  ဖြည့်ဆည်း   ဆောင်ရွက်ပေးထား ကြောင်း၊ မိမိတို့ အတွေ့အကြုံဖြင့် ယှဉ်၍ သီအိုရီများဖြင့် ပေါင်းစပ် ဆောင်ရွက်ရကြောင်း၊  သင်တန်းမှ ဆွေးနွေးမှုများမှတစ်ဆင့်     မိမိ တို့အနေဖြင့် ဆောင်ရွက်သင့်သည် များကို  စဉ်းစား၍  အပြန်အလှန် ဆွေးနွေး     ဆောင်ရွက်ရန်လို ကြောင်း၊ တက္ကသိုလ်ဆိုသည်မှာ စာကျက်ရန်မဟုတ်ဘဲ    တွေးခေါ် တတ်စေရန်    လေ့ကျင့်ပေးသည့် နေရာ     တစ်ခုပင်ဖြစ်ကြောင်း၊ သင်ခန်းစာများကို  Theory ပိုင်း၊ Principle ပိုင်းအရသာ သင်ကြား ပေးခြင်းဖြစ်ပြီး မိမိတို့၏ တွေးခေါ် မြော်မြင်မှု၊    ထိုးထွင်းကြံဆမှုတို့ ဖြင့်     လက်တွေ့နယ်ပယ်တွင် အောင်မြင်အောင်  လုပ်ဆောင်ရ မည်ဖြစ်ကြောင်း။


ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်လျှောက် လှမ်းနေခြင်းဖြစ်


မိမိတို့နိုင်ငံ၏    နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု   အခြေအနေ များကိုလည်း သိရှိနေရမည်ဖြစ်ပြီး နိုင်ငံတော်သည်  ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင်    လျှောက် လှမ်းနေခြင်းဖြစ်ကြောင်း၊   ထို လမ်းကြောင်းသည် ပြည်သူကရွေး ခြယ်ထားခြင်းဖြစ်သည့်အတွက် တိုင်းပြည်နှင့်  ပြည်သူကာကွယ် ရေး  တာဝန်ထမ်းဆောင်နေသည့် တပ်မတော်အနေဖြင့်  မျက်ကွယ် ပြု၍မရဘဲ  ခိုင်ခိုင်မာမာဖြစ်တည် ရေး   ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိကြောင်း၊   တပ်မတော် အနေဖြင့်  ပြည်သူတစ်ရပ်လုံး၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်   လျှောက် လှမ်းနိုင်ရေးအတွက်  ဖော်ဆောင် ပေးခဲ့ပြီး    ၂၀၁၀   ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ခဲ့ကြောင်း၊    ထို့ နောက်       သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရနှင့် လက် တွဲ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို   လုပ်ဆောင် ပေးခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ရွေးကောက်ပွဲဥပဒေအချို့ကိုပြင်ဆင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီကို  ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေး  လုပ်ဆောင်ပေးခဲ့ ကြောင်း၊ ၂၀၂၀ ပြည့်နှစ်  ပါတီစုံ ဒီမိုကရေစီ  ရွေးကောက်ပွဲတွင် ကြီးမားသည့် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သဖြင့်  ဖြေရှင်းဆောင် ရွက်ပေးနိုင်ရေး တပ်မတော်အနေ ဖြင့် အကြိမ်ကြိမ်   ညှိနှိုင်းဆောင် ရွက်ခဲ့သော်လည်း        ဖြေရှင်း ဆောင်ရွက်ပေးခြင်း      မရှိသည့် အပြင်    နိုင်ငံတော်၏အာဏာကို   အဓမ္မနည်းလမ်းဖြင့်     ရယူရန် ကြံစည်    ကြိုးပမ်းလာမှုများ ကြောင့်             နိုင်ငံတော်အား   နိုင်ငံရေးအရ      အရေးပေါ်အခြေ အနေကြေညာ၍     နိုင်ငံတော်၏ တာဝန်အားရယူကာ     စစ်မှန် စည်းကမ်းပြည့်ဝသည့်     ပါတီစုံ ဒီမိုကရေစီစနစ်     ဖော်ဆောင်နိုင် ရေး       ဆောင်ရွက်ခဲ့ရကြောင်း၊ မဲမသမာမှုဆိုသည်မှာ ဒီမိုကရေစီ စနစ်       တည်ဆောက်ရာတွင် အလွန်ဆိုးရွားသည့် ဖြစ်စဉ်ဖြစ်ပါ ကြောင်း။


စွမ်းရည်ရှိသည့် တပ်မတော် ဖြစ်စေရေး အမြဲလေ့ကျင့်


တပ်တည်ဆောက်ရေး အပိုင်း နှင့် ပတ်သက်၍ စွမ်းရည်စွမ်းအား ရှိသည့်   တပ်မတော်ဖြစ်စေရေး အမြဲတမ်းလေ့ကျင့်ဆောင်ရွက်နေရမည်ဖြစ်ကာ    လေ့ကျင့်ရေး ပိုင်းတွင်    တစ်ဦးချင်းလေ့ကျင့်ရေး မှ   အစုအဖွဲ့လေ့ကျင့်ရေးအထိ မှန်မှန်ကန်ကန်ဖြင့်   လေ့ကျင့်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းစည်းကမ်းလိုက်နာ စောင့်ထိန်းမှု ကောင်းမွန်ရန်လည်း အရေးကြီးကြောင်း၊  တပ်မတော် တွင်      အခြေခံသင်တန်းများ တက်ရောက်ပြီးသည်နှင့်    မိမိ ကိုယ်ကို ထိန်းကျောင်းဆောင်ရွက် ကြရပြီး   လိုက်နာရန်လိုအပ်သည် များကို လိုက်နာ၍ စောင့်ထိန်းသင့် သည်များကို စောင့်ထိန်းခြင်းသည် မိမိကိုယ်ကို ထိန်းသိမ်းဆောင်ရွက် ခြင်းပင်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေး နှင့်   ပတ်သက်၍   မိမိကိုယ်ကို ထိန်းသိမ်းသကဲ့သို့ လက်အောက် ငယ်သားများကိုလည်း ထိန်းသိမ်း ကာ  ရသင့်ရထိုက်သည့် အခွင့် အရေးများကို မှန်မှန်ကန်ကန်ဖြင့် ဖြည့်ဆည်းပေးရမည်     ဖြစ် ကြောင်း၊ လက်အောက်၏ လိုအပ် ချက်ကို    မိမိဖြေရှင်း၍ရသည့် နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်း ပေးနိုင်ရေး   စဉ်းစားဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ထိုသို့လုပ် ဆောင်ပြီး   စစ်စည်းကမ်းကောင်း မွန်၍       အုပ်ချုပ်ထောက်ပံ့မှု  များ    ကောင်းမွန်မည်ဆိုပါက   စိတ်ဓာတ်ပိုင်းဆိုင်ရာတွင်လည်း ကောင်းမွန်ခိုင်မြဲလာမည်    ဖြစ် ကြောင်း၊ ထို့ကြောင့် အောင်မြင် သည့်   ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရေးအတွက် လုပ်ငန်း အောင်မြင်မှုရရှိရန်    ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပြီး လေ့လာ မှု      အားကောင်းမှသာလျှင် တွေးခေါ်ကြံဆမှုများ   ကောင်း မွန်မည်ဖြစ်သည့်အတွက် မိမိတို့ တစ်ဦးချင်း  ဘဝတိုးတက်ရေး အတွက်    လေ့လာအားထုတ် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ထိုသို့ကြိုးစားအားထုတ်ရာတွင် ရည်မှန်းချက်ထားပြီး   ကြိုးစား အားထုတ်ရမည်     ဖြစ်ကြောင်း၊ ရည်မှန်းချက်ထား၍   ကြိုးစား အားထုတ်ရာ၌လည်း         မိမိ ရည်မှန်းချက်    ပြည့်မီရေးကို ဆောင်ရွက်ရာတွင်   သူတစ်ပါး အပေါ်     မထိခိုက်စေဘဲ     ရိုးရိုး သားသား    ဆောင်ရွက်ရန်လို ကြောင်း၊    အလုပ်လုပ်ရာ၌ ပေါ်လွင်စေလိုသဖြင့်    အလုပ် လုပ်ခြင်းမျိုး မဟုတ်ဘဲ ရည်မှန်း ချက်ပြီးမြောက် အောင်မြင်အောင်၊ အလုပ်ပြီးမြောက်အောင် ကြိုးစား ပမ်းစား    အလုပ်လုပ်ခြင်းမျိုး ဖြင့်သာ မိမိဘဝကို တည်ဆောက် သွားကြစေ         လိုကြောင်း ပြောကြားသည်။


ရင်းရင်းနှီးနှီးနှုတ်ဆက်


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ        ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်   အဖွဲ့ဝင်များသည်  သင်တန်း သား အရာရှိကြီးများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်