စစ်တက္ကသိုလ် အဆင့်မြင့်စာပေပညာဗဟိုဌာန၌ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့် (၂၀၂၁) ကျင်းပ

နေပြည်တော်  အောက်တိုဘာ  ၂၆


တပ်မတော်အနေဖြင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာများ အထောက်အကူပြုနိုင်ရန်နှင့်   လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ သိပ္ပံနှင့်နည်း ပညာဆိုင်ရာ   ဖွံ့ဖြိုးတိုးတက်ရေး  ကွန်ဖရင့်(၂၀၂၁) “Conference  on Science and  Technology Development-2021 (CSTD-2021)” ဖွင့်ပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင် တပ်နယ်  စစ်တက္ကသိုလ်  အဆင့်မြင့်စာပေပညာ ဗဟိုဌာန   ငါးထပ်စာသင်ဆောင်ရှိ Multifunction Hall ၌ ကိုဗစ် -၁၉ ကူးစက်ရောဂါစည်းကမ်းသတ်မှတ် ချက်များနှင့်အညီ စတင်ကျင်းပသည်။


တက်ရောက်


အဆိုပါ ကွန်ဖရင့်သို့ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်  ဒုတိယဗိုလ်ချုပ်ကြီး   ဇော်မျိုးတင်၊ တပ်မတော် တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခချုပ်များနှင့်  အရာရှိများ၊  အရပ်ဘက် တက္ကသိုလ်များမှ ပါမောက္ခများ၊  တပ်နယ်မှ မဟာဘွဲ့ နှင့်ပါရဂူဘွဲ့သင်တန်းတက်ရောက်နေသော သင်တန်း သားအရာရှိများနှင့် ဗိုလ်လောင်းများ တက်ရောက် ကြပြီး ကိုယ်တိုင်လာရောက် စာတမ်းမဖတ်ကြား နိုင်သော  Keynote speaker များ၊   အရပ်ဘက် တက္ကသိုလ်များမှ  ပါမောက္ခချုပ်များနှင့်  ပါမောက္ခ များက    ဗီဒီယိုကွန်ဖရင့်ဖြင့်    တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က အဖွင့်အမှာစကားပြောကြားပြီး   အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ တင်သွင်းခင်းကျင်း ပြသထားသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ  ပိုစတာ ၂၃ စောင်ကို လှည့်လည်ကြည့်ရှုရာ ပိုစတာရှင်များက ရှင်းလင်းတင်ပြကြသည်။


ထို့နောက် ဖိတ်ကြားထားသော ပါမောက္ခများ၏ စာတမ်းနှစ်စောင်၊   သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနစာတမ်း ၅၄ စောင်  စုစုပေါင်း ၅၆ စောင်  ဖတ်ကြားခဲ့သည်။


ဆက်လက်ဖတ်ကြားသွားမည်


အဆိုပါ   သိပ္ပံနှင့်နည်းပညာဆိုင်ရာ    ဖွံ့ဖြိုး တိုးတက်ရေးကွန်ဖရင့်( ၂၀၂၁) ကို         အောက်တိုဘာ ၂၇ ရက်အထိ  ကျင်းပသွားမည်ဖြစ်ပြီး ဖိတ်ကြား ထားသော Keynote Speaker စာတမ်း နှစ်စောင်၊ အထူးစာတမ်း  ခြောက်စောင်အပါအဝင်  စုစုပေါင်း စာတမ်း    အစောင်  ၅၀  ကို  ဆက်လက်ဖတ်ကြား သွားမည်ဖြစ်ကြောင်း၊  အကောင်းဆုံး  စာတမ်း ခြောက်ဆုနှင့်  အကောင်းဆုံးပိုစတာဆု    နှစ်ဆု   ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။             
သတင်းစဉ်