
နေပြည်တော် ဒီဇင်ဘာ ၁၁
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များ သည် ဒီဇင်ဘာ ၁၀ ရက် နံနက် ၄ နာရီ ၁၅ မိနစ်ခန့်တွင် စစ်တွေမြို့ အနောက်မြောက်ဘက် ရေမိုင် ၂၂ မိုင်ခန့်အကွာ၌ ရေဝင်နစ်မြုပ် နေသည့် အမည်မရှိ ဒေသခံ ငါးဖမ်းလှေတစ်စင်းကို တွေ့ရှိ ခဲ့သည်။
အဆိုပါ ရေဝင်နစ်မြုပ်နေ သည့် လှေပေါ်တွင် ပါရှိသော လှေ လုပ်သားရှစ်ဦးတို့အား လုံခြုံရေး တပ်ဖွဲ့ဝင်များက ရေယာဉ်ပေါ်သို့ ကယ်ဆယ်တင်ဆောင်၍ လိုအပ် သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေး ပြီး သက်ဆိုင်ရာသို့ လွှဲပြောင်း ပေးအပ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်