
နေပြည်တော် ဩဂုတ် ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့ရှိ စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များအား နယ်မြေခံတပ်နယ် ခန်းမ၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး မြို့နယ် ၂၆ မြို့နယ်မှ မြို့နယ်စစ်မှုထမ်းဟောင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပုသိမ်မြို့ရှိ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များကို အနောက် တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌လည်း ကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ယနေ့တွင် တွေ့ဆုံအားပေးစကားပြောကြားပြီး စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက် ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးများနှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ အား နယ်မြေခံဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုခဲ့ပြီး ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်