စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို စားသောက်ဖွယ်ရာများ ပေးအပ်

 

နေပြည်တော်   စက်တင်ဘာ   ၁၇


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း   လုံခြုံရေး တာဝန်ထမ်းဆောင်လျက်ရှိသည့်   လုံခြုံရေး တပ်ဖွဲ့ဝင်များကို      ယနေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်    ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်နှင့်  တာဝန်ရှိသူများက မုံရွာမြို့နယ်     စည်ပင်သာယာရေးကော်မတီ ရုံးခန်းမ၌      သွားရောက်တွေ့ဆုံမှာစကား ပြောကြားသည်။

 


ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တင်ပြ ချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  တိုင်းမှူးတို့က လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးကာ  စားသောက်ဖွယ်ရာများ  ပေးအပ် ကြောင်း သတင်းရရှိသည်။

  သတင်းစဉ်