စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ သံဃာတော်အပါး ၃၀၀ အား ဆွမ်းနှင့် ဆွမ်းဟင်းလောင်းလှူ

 

မုံရွာ    ဧပြီ   ၂၇
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပ သော  တိုင်းဒေသကြီး  အစိုးရအဖွဲ့ရုံးဝန်းကျင်ရှိ ကျောင်းတိုက်ကြီး ရှစ်တိုက်မှ ဆရာတော်၊ သံဃာတော် အပါး ၃၀၀  အား ဆွမ်းနှင့်  ဆွမ်းဟင်းလောင်းလှူပွဲ အခမ်းအနားကို    ဧပြီ    ၂၇   ရက်  နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်း၌ ကျင်းပ ရာ ဆွမ်းလောင်းလှူပွဲ အခမ်းအနားသို့ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊  တိုင်းဒေသကြီး   အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများ၊    တိုင်းဒေသကြီး  အစိုးရအဖွဲ့ရုံးရှိ အရာထမ်း၊   အမှုထမ်းများနှင့်   မိသားစုဝင်များ တက်ရောက်ကြသည်။  
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်း ဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊   တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးရှိ  အရာထမ်း၊  အမှုထမ်းများက   ပင့်သံဃာ ဆရာတော်၊ သံဃာတော်အပါး ၃၀၀ တို့အား ဆွမ်းနှင့် ဆွမ်းဟင်းများ၊ သစ်သီးများ၊ အချိုပွဲများ လောင်းလှူ ကြသည်။
ယင်းနောက်   တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက   သံဃာတော်အပါး  ၃၀၀  တို့အား စနစ်တကျဖြင့် ဆွမ်းနှင့်ဆွမ်းဟင်းများ၊ သစ်သီးများ၊ အချိုပွဲများ   တပျော်တပါး  လောင်းလှူနေမှုများကိုလိုက်လံကြည့်ရှုအားပေးကြပြီး ဆွမ်းလောင်းလှူ ကြသူများအား   ရင်းရင်းနီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)