
မုံရွာ သြဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး လူငယ် ရေးရာကော်မတီနှင့် တိုင်းဒေသ ကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့် တန်ဖိုးမြှင့် စားသောက်ကုန် (Bakery)အမျိုး မျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲကို သြဂုတ် ၂၆ ရက်က အားကစားနှင့် ကာယ ပညာ သိပ္ပံ(မုံရွာ) စားရိပ်သာ ခန်းမ (၂) ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး /ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာ၊ သင်တန်းသူ များနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြော ကြားပြီး တိုင်းဒေသကြီး အားကစား နှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းနည်းပြ များနှင့် သင်တန်းသူများအတွက် ဂုဏ်ပြုထောက်ပံ့ငွေကျပ် ငါးသိန်း ကို ပေးအပ်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူ ပစ္စည်းများကိုလိုက်လံကြည့်ရှု အားပေးခဲ့ကြ သည်။
အဆိုပါ တန်ဖိုးမြှင့် စား သောက်ကုန် (Bakery) အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်း ကို ရက်သတ္တပတ်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးမည်ဖြစ် ပြီး သင်တန်းသို့ သင်တန်းသူ ၂၂ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)