စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဟုမ္မလင်းမြို့နယ် နမ့်ပငချောင်း အသေးစား ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

 

မုံရွာ   ဇွန်   ၂၃


စစ်ကိုင်းတိုင်းဒေသကြီး  ဝန်ကြီး ချုပ်   ဦးမြတ်ကျော်သည်   တိုင်း ဒေသကြီးဝန်ကြီးများနှင့်အတူ ဇွန် ၂၁   ရက်က  ဟုမ္မလင်းမြို့နယ် နမ့်ပငချောင်း အသေးစားရေအား လျှပ်စစ်စီမံကိန်း     လုပ်ငန်းခွင် ရှင်းလင်းဆောင်သို့   ရောက်ရှိရာ ရေအားလျှပ်စစ်   အကောင် အထည်ဖော်ရေးအဖွဲ့     တည် ဆောက်ရေး - ၅   မှ    တာဝန်ခံ အင်ဂျင်နီယာက   နမ့်ပငချောင်း အသေးစားရေအားလျှပ်စစ် စီမံ ကိန်း တည်ဆောက်ရေးလုပ်ငန်း များ ဘဏ္ဍာနှစ်အလိုက် ဆောင် ရွက်ပြီးစီးမှု   အခြေအနေများနှင့် ဆက်လက်      ဆောင်ရွက်မည့် တည်ဆောက်ရေး   လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။ 

 


ယင်းနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က    နမ့်ပငချောင်း အသေးစား   ရေအားလျှပ်စစ်စီမံ ကိန်း    တည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နှင့်အနီးရှိ   ကျေးရွာ များမှ    ဒေသခံပြည်သူလူထုကို လျှပ်စစ်မီး    လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်တော့မည် ဖြစ် ၍   သတ်မှတ်ကာလအတွင်း ပြီးစီး အောင်  ကြိုးပမ်းဆောင်ရွက်သွား ကြရန် လိုအပ်ကြောင်း၊ လုပ်ငန်း ခွင်အန္တရာယ် ကင်းရှင်းရေး၊ သတ်မှတ်အရည်အသွေးများနှင့် စံချိန်စံညွှန်း   ပြည့်မီကိုက်ညီစွာ တည်ဆောက်ရေး  မှာကြားကာ လိုအပ်သည်များကို    တာဝန်ရှိသူ များနှင့်   ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်     တာဝန်ရှိသူများ က    နမ့်ပငချောင်း           အသေးစား   ရေအားလျှပ်စစ်       စီမံကိန်း   တည်ဆောက်ရေး    လုပ်ငန်းများ  ဆောင်ရွက်နေမှုများ နှင့်  အသေးစား   ရေအားလျှပ်စစ် စီမံကိန်းပုံစံငယ်တို့ကို       ကြည့်ရှု စစ်ဆေးသည်။

 


အဆိုပါ   ရေအားလျှပ်စစ်စီမံ ကိန်းသည်       ဟုမ္မလင်းမြို့၏ အနောက်ဘက် ၇ ဒသမ ၅ မိုင် ခန့်အကွာ နားသကျိုက်ကျေးရွာ အနီးတွင်   တည်ရှိရာ   ရေဆင်း ဧရိယာ  ၃၉၀ ဒသမ ၇၃ စတုရန်း မိုင်၊ တမံအမျိုးအစား  Concrete Gravity Dam ဖြစ်ပြီး တမံအလျား ၄၇၃ ပေ၊ တမံအမြင့်  ၁၁၄ ဒသမ ၈ ပေ၊ ရေအားအမြင့်  ၈၀ ဒသမ ၃၈ ပေ၊ ကန်ရေပြည့်ရေလှောင် ပမာဏ   ၁၁၃၅၂   ဧက၊  ရေပိုလွှဲ အမျိုးအစား    သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး    တပ်ဆင် စက်အင်အား     ၆ မဂ္ဂါဝပ် (၂ x ၃ မဂ္ဂါဝပ်) နှစ်စဉ်ပျမ်းမျှ  ထုတ်နိုင် သည့်ဓာတ်အား  ၃၄ ဒသမ ၆၈ ကီလိုဝပ်  နာရီသန်းပေါင်း  ထုတ် လုပ်နိုင်မည်ဖြစ်ပြီး  စီမံကိန်းကို ၂၀၂၃-၂၀၂၄    ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်နိုင်ရန် ကြိုးပမ်း  ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တည် ဆောက်ရေးလုပ်ငန်းများ ၃၀ ဒသမ ၃၇ ရာခိုင်နှုန်း    ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)