
မုံရွာ ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း ဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူ များလိုက်ပါလျက် ဖေဖော်ဝါရီလ ၂၄ ရက် နံနက်ပိုင်းက စစ်ကိုင်း မြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းရုံး ခန်းမ တွင် စစ်ကိုင်းခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ် ကြီး၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် နှစ်ဆုံး စာမေးပွဲဖြေဆိုနိုင်ရေး၊ နွေရာသီ ကျောင်း ပိတ်ရက်များတွင် ကျောင်းသား ကျောင်းသူများ အသိ၊အတတ်၊အလိမ္မာ ရရှိစေမည့် သင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ လာမည့် ပညာသင်နှစ်တွင် ကျောင်းနေအရွယ်များ ရာနှုန်း ပြည့် ကျောင်းနေနိုင်ရေးများနှင့် ပတ်သက်၍ ရှင်းလင်းမှာကြား သည်။
ဆက်လက်၍ စစ်ကိုင်းခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမ များက သင်ကြားရေးလုပ်ငန်းများ နှင့် ပတ်သက်၍ လိုအပ်ချက်များ အား ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် တိုင်း ဒေသကြီး ဝန်ကြီးချုပ်က တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် အမှတ်(၃) အခြေခံ ပညာ အထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် နှစ်ဆုံး စာမေးပွဲ ဖြေဆိုနေမှုများကိုလိုက်လံကြည့်ရှု အားပေးကြောင်း သိရသည်။
သတင်းစဉ်