စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ရေမြက်ကျေးရွာအတွင်း အကြမ်းဖက်သူများ  မီးရှို့ဖျက်ဆီးခဲ့သော နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်

 

 

နေပြည်တော်  ဒီဇင်ဘာ  ၂၁
စစ်ကိုင်းတိုင်းဒေသကြီး  ရေဦး မြို့နယ်       ရေမြက်ကျေးရွာ၌ အကြမ်းဖက်      လုပ်ရပ်များ လုပ်ဆောင်ရန် ရောက်ရှိနေသည့် KIA အဖွဲ့၊ NLD ပါတီဝင် အစွန်း ရောက်သမားများနှင့်    PDF အမည်ခံ     အကြမ်းဖက်သမား များ   အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက်  အစည်း အဝေးပြုလုပ်ရန်     စုဝေးနေ ကြောင်း ကျေးရွာသူ၊ ကျေးရွာသား အချို့က       သတင်းပေးပို့လာ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ အကြမ်း ဖက်သမား   လေးဦးကို  အသေ ဖမ်းဆီးရမိခဲ့ပြီး    ၎င်းတို့ထံမှ လက်နက်ခဲယမ်းအချို့နှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ     ကျေးရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက   လုံခြုံ ရေးလုပ်ငန်းများ      ဆက်လက် ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သူ များ        ဆုတ်ခွာထွက်ပြေးစဉ် မီးရှို့ဖျက်ဆီးခဲ့သော      နေအိမ် ခြောက်လုံးနှင့်    အကြမ်းဖက်သူ များက   နေအိမ်များကို  အကာ ကွယ်ပြု၍      ပစ်ခတ်ခဲ့မှုကြောင့် လက်နက်ငယ်       ထိမှန်ခဲ့သော နေအိမ်အချို့အား   တွေ့ရှိရပြီး ၎င်းနေအိမ်များ အတွင်း၌ သေဆုံး လျက်ရှိသော အကြမ်းဖက်သမား နှစ်ဦး၏အလောင်းအား လက်လုပ် လက်ပစ်ဗုံးနှင့် ဆက်စပ်ပစ္စည်းတို့ နှင့်အတူ   ထပ်မံသိမ်းဆည်းရရှိ ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သူများ မီးရှို့ခဲ့မှု ကြောင့်    မီးလောင်ကျွမ်းလျက် ရှိသော  နေအိမ်များကို  မီးငြှိမ်း သတ်ခြင်းများ   ဆောင်ရွက်ခဲ့ပြီး ကျေးရွာသူ၊     ကျေးရွာသားများ အေးချမ်းတည်ငြိမ်စွာ   နေထိုင် နိုင်ရေးအတွက် နယ်မြေလုံခြုံရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်