စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား နယ်လှည့်အထူးဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 

နေပြည်တော်   စက်တင်ဘာ    ၁၅


စစ်ကိုင်းတိုင်းဒေသကြီး   ရွှေဘိုမြို့နယ် အတွင်း    ရောက်ရှိနေသော   နယ်လှည့် အထူးဆေးကုသရေးအဖွဲ့သည်   ယနေ့ တွင် ရွှေဘိုမြို့ မြို့တော်ခန်းမ၌ အခြေပြု ၍ ရွှေဘိုမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်း ကျင်ကျေးရွာများမှ    သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံ ပြည်သူ စုစုပေါင်း ၉၁၅ ဦးတို့ကို ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။


ထိုသို့      ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၇၅ ဦး၊ ခွဲစိတ် ရောဂါ ၆၃ ဦး၊ သားဖွားမီးယပ်ရောဂါ ၄၇ ဦး၊ ကလေးရောဂါ ၃၉ ဦး၊  အရိုးရောဂါ ၁၅၀ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၆၂ ဦး၊ မျက်စိရောဂါ ၁၉၈ ဦးနှင့် သွားရောဂါ ၈၁ ဦးတို့ကို   လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင် ရွက်ပေးပြီး      ၎င်းတို့အနက်မှ အထွေထွေခွဲစိတ်လူနာ  ၁၂  ဦးနှင့် မျက်စိခွဲစိတ်လူနာ   ၁၄   ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့်    ခွဲစိတ် ကုသမှုများ  ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၅၂ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေး လူနာ ၆၄ ဦး၊ ECG စက်ဖြင့် နှလုံး စမ်းသပ်လူနာ ၅၃ ဦးနှင့်   ဓာတ်ခွဲ စမ်းသပ်လူနာ ၁၃၀ တို့ကို ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်တို့ဖြင့် ရောဂါ ရှာဖွေစမ်းသပ်     စစ်ဆေးပေးခြင်း များ  ဆောင်ရွက်ပေးသည့်အပြင် ကျန်းမာရေးဝန်ကြီးဌာန    အစီ အစဉ်ဖြင့်    ကိုဗစ်-၁၉    ရောဂါ ကာကွယ်ဆေး  ထပ်ဆောင်းထိုးနှံ ရန် လိုအပ်သူ ၆၃ ဦးအား   ကာကွယ်  ဆေးထိုးနှံပေးခြင်းများ    ဆောင် ရွက်ပေးသည်။      ယင်းနောက် မျက်စိခွဲစိတ်ကုသမှု   ခံယူထား သည့်   ဒေသခံပြည်သူများအား ရွှေဘိုတပ်နယ်မှ တာဝန်ရှိသူများ က နေကာမျက်မှန်များ တပ်ဆင် ပေးသည်။   ထို့ပြင်    လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန  ရွှေဘိုမြို့နယ် ဦးစီးမှူး ရုံးမှ Biometric အချက်အလက် ကောက်ယူခြင်းနှင့်  UID  နံပါတ် ထုတ်ပေးခြင်း        လုပ်ငန်းများ ဆောင်ရွက်ကြောင်း သိရသည်။


ထို့ပြင်  နယ်လှည့်အထူးဆေးကုသရေးအဖွဲ့ထံသို့    လာရောက် ဆေးကုသမှုခံယူနေသည့် ဒေသခံ ပြည်သူများ     စားသောက်ရေး အဆင်ပြေစေရန်အတွက် တာဝန် ရှိသူများနှင့်     ဒေသခံစေတနာရှင်       ပြည်သူများက   နေ့လယ်စာဖြင့်   ဧည့်ခံကျွေးမွေးကြသည်။  ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ရွှေဘို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ၊  ရွှေဘိုတပ်နယ်မှ တာဝန်ရှိသူများ၊  ရွှေဘိုမြို့နယ်  အုပ်ချုပ်ရေးမှူးနှင့်    တာဝန်ရှိသူများက        လာရောက် ကြည့်ရှုအားပေးသည်။
နယ်လှည့်  အထူးဆေးကုသ ရေးအဖွဲ့ထံသို့   လာရောက်ဆေး ကုသမှုခံယူနေသည့် ဒေသခံပြည်သူ များ၏   စကားသံများကိုလည်း ယခုလိုကြားသိရသည်။


“တပ်မတော်နယ်လှည့်ဆေးကု အဖွဲ့ကနေ         ဆေးကုပေးနေတဲ့ အကြောင်း     ရပ်ကွက်အတွင်း လူတွေ  သွားရောက်ကုသနေတာ သိတဲ့အတွက်   ကျွန်တော်လည်း လာရောက်     ပြသခြင်းဖြစ်ပါ တယ်။   ကျွန်တော့်အတွက်လည်း အများကြီး    အကျိုးကျေးဇူးရှိပါ တယ်။ ကျွန်တော့်လို ရောဂါသည် တွေ       အများကြီး  အများကြီး    လာရောက်ကုသနေတာ   တွေ့တဲ့ အတွက်    အားတက် သွားပါတယ်။   အခုလို   လုပ်ကိုင်ဆောင်ရွက်ပေး တဲ့     နိုင်ငံတော်အကြီးအကဲနဲ့ တကွ    တာဝန်ရှိပုဂ္ဂိုလ်အားလုံးကို    ဆေးကုသခွင့်ရအောင်     ဆောင် ရွက်ပေးတဲ့အတွက်    ကျေးဇူးတင် ပါတယ်။    ဆေးကုသပေးတဲ့   ဆရာဝန်ကြီးများကိုလည်း  ကျေးဇူး တင်ပါတယ်။   ကျွန်တော်တို့ကို လိုလေသေးမရှိ     လိုအပ်တာကို   ဖြည့်ဆည်းပေးတဲ့   မြို့နယ်အတွင်း မှာရှိတဲ့    တာဝန်ရှိပုဂ္ဂိုလ်များ ကိုလည်း    ကျေးဇူးတင်ပါတယ်။    သူတို့ရဲ့   အကူအညီကြောင့်   ဘာ အခက်အခဲမျှမရှိဘဲ      တစ်နေရာက တစ်နေရာကို          သွားရောက် လုပ်ကိုင်    ဆောင်ရွက်တဲ့အခါမှာ အဆင်ပြေပါတယ်။          အလွန် ကောင်းတဲ့   လုပ်ငန်းကြီးတစ်ခု ဖြစ်ပါတယ်။    ဒီထက်   တိုးချဲ့ ပြီးတော့     ရပ်ကွက်အတွင်းမှာ၊ မြို့နယ်တွေအတွင်းမှာ လှည့်လည် ပြီးတော့  ဆေးကုသပေးနိုင်မယ် ဆိုရင်      ပြည်သူတွေအတွက် အများကြီး        အကျိုးရှိမယ်လို့ ကျွန်တော်ကတော့    ယုံကြည်ပါ တယ်။ အားလုံးကိုကျေးဇူးတင်ပါ တယ်”ဟု ဆေးကုသသူအမျိုးသား တစ်ဦးက ပြောသည်။
“မျက်စိလည်း   ကြည်လည်း ကြည်ပါတယ်။    ကျေးဇူးလည်း တင်ပါတယ်။   အမြဲတမ်းလည်း ဆုတောင်းပေးမယ်။ မျက်စိခွဲတာ တစ်ဖက်ကခွဲပြီးသား။    ကျန် တစ်ဖက်က  မမြင်ရလို့    လုံးဝကို မမြင်ရသလောက်ပါပဲ။   အရိပ် အယောင်လောက်ပဲ မြင်ရတယ်။ အဲဒါကြောင့် ဒီကိုလာခွဲလိုက်တာ။ အခုတော့    ကြည်လင်သွားပြီ။ ကောင်းသွားပြီ။ ကျေးဇူးအလွန် တင်ရှိပါတယ်။   နောင်နှစ်လည်း လာခဲ့ကြပါဦး။   အဲဒီကျလည်း လာပြပါဦးမယ်” ဟု ဆေးကုသသူ တစ်ဦးက ပြောသည်။  

သတင်းစဉ်