စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် စည်သာကျေးရွာ အခြေခံပညာမူလတန်းကျောင်းအတွင်းမှ PDF အမည်ခံ အကြမ်းဖက်သမားများ သိုဝှက်သိမ်းဆည်းထားသည့် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

 

နေပြည်တော် စက်တင်ဘာ  ၂၇


အကြမ်းဖက် အဖွဲ့အစည်းများဖြစ် သည့်  NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ အနေဖြင့် ကျေးရွာများအတွင်း ဝင်ရောက်ပြီး  အရပ်သား       ပြည်သူများအား လူသားတံတိုင်း  ပြုလုပ်ကာကွယ် ရယူ၍ နယ်မြေလုံခြုံရေး  ဆောင် ရွက်နေသော  တပ်ဖွဲ့ဝင်များအား  ချောင်းမြောင်း   ပစ်ခတ်ခြင်းများ လုပ်ဆောင်လျက်  ရှိသည့်အပြင် လက်နက်/ခဲယမ်းများနှင့် ဆက်စပ် ပစ္စည်းများအား  ဘာသာရေးဆိုင် ရာအဆောက်အဦများ၊    စာသင် ကျောင်းများ၊       အများပြည်သူ နှင့်   သက်ဆိုင်သော     နေရာများ၌ သိုဝှက်    သိမ်းဆည်းခြင်းများ  လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ် သိမ်းဆည်းခြင်းများ အပါအဝင် လုံခြုံရေး      လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့      ရှာဖွေဖော်ထုတ် ဆောင်ရွက်လျက်ရှိစဉ်   အကြမ်း ဖက်မှုများကို     မလိုလားသည့် ပြည်သူများ၏  သတင်းပေးပို့ ချက်အရ  စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့နယ်အတွင်း    လုံခြုံရေး ဆောင်ရွက်နေသော   တပ်ဖွဲ့ဝင် များက  စက်တင်ဘာ ၂၃ ရက် ညနေပိုင်းတွင်  စည်သာကျေးရွာ အနီး   ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါကျေးရွာရှိ အခြေခံပညာ  မူလတန်းကျောင်း အတွင်းမှ  အကြမ်းဖက်သမားများ သိုဝှက်     သိမ်းဆည်းထားသည့် လက်လုပ်သေနတ်    သုံးလက်၊ လက်လုပ်သေနတ် ပြောင်းများနှင့် ပြုလုပ်ဆဲ လက်လုပ်သေနတ်များ၊ လက်လုပ်လက်ပစ်ဗုံး လေးလုံး၊ ၁၂ ဗို့ဘက်ထရီ နှစ်လုံး၊ သံဖြတ်စက် သုံးလုံး၊ သံဖြတ်စက်အသွား အခု  ၄၀၊  ဝရိန်ပုံး   တစ်ပုံး၊   ဝရိန်ချောင်း  ၅၀၊    ဝိုင်ယာကြိုးများ၊   ဆာလာ အိတ်များ၊   ငါးဂါလန်ပုံးများဖြင့် မိုင်းများပြုလုပ်ရန်    ထည့်ထား သည့် သံတိုသံစများ၊ လက်လုပ်မိုင်း ပြုလုပ်ရန် ကားစလစ်အိုး ၄၃ လုံး၊ ကျည်ကာအင်္ကျီ    တစ်ထည်နှင့် အခြားဆက်စပ်ပစ္စည်းများ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

 


အလားတူ   PDF   အမည်ခံ အကြမ်းဖက် သမားများအနေဖြင့် ယခုနှစ် ဇန်နဝါရီ   ၁၃  ရက်တွင် လည်း  မရသိမ်ကျေးရွာရှိ အခြေခံ ပညာ   မူလတန်းကျောင်းအတွင်း စခန်းချအခြေပြု  အကာအကွယ် ရယူ၍ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်ရန်    ပြင်ဆင်လျက်ရှိ ကြောင်း  သိရှိရသဖြင့်  လုံခြုံရေး တပ်ဖွဲ့ဝင်များက    သွားရောက် တိုက်ခိုက်ချေမှုန်းခဲ့ရသည်။

 


အဆိုပါ     ဖြစ်စဉ်တွင်လည်း အကြမ်းဖက် သမားများအနေဖြင့် စာသင်ကျောင်း  အတွင်း/အပြင်၌ ခြံစည်းရိုးပတ်လည်ကို  သဲအိတ် များ    ကာရံခြင်း၊      မိုင်းများ ထောင်ထားခြင်း၊        သဲအိတ် ဘန် ကာများ         တည်ဆောက်ခြင်း၊ အကြမ်းဖက် လေ့ကျင့်ရေးကွင်း များ   ဖောက်လုပ်ခြင်းများပြုလုပ် ကာ   စာသင်ကျောင်းကို   အခိုင် အမာ      စခန်းတည်ဆောက်၍ အဖျက်အမှောင့်     လုပ်ရပ်များ လုပ်ဆောင်ရန်    ကြိုတင်ကြံစည် နေမှုကို တားဆီးနိုင်ခဲ့သည်။

 


အကြမ်းဖက် သမားများအနေ ဖြင့်       ကျေးရွာအချို့အတွင်း ဝင်ရောက်၍  အကြမ်းဖက်လုပ်ရပ် များ      လုပ်ဆောင်လျက်ရှိခြင်း ကြောင့်      ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ  နေထိုင်နိုင် ရေးအတွက်     လုံခြုံရေးတပ်ဖွဲ့ များက      နယ်မြေလုံခြုံရေး လုပ်ငန်းများ   တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်းနှင့်   သိမ်းဆည်း ရမိခဲ့သည့်    လက်နက်/ခဲယမ်း များကို     လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း    သတင်း ရရှိသည်။                

သတင်းစဉ်