စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံး၌ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အရေးပေါ်မီးငြှိမ်းသတ်ခြင်းသရုပ်ပြပွဲကျင်းပ

 

မုံရွာ  စက်တင်ဘာ   ၁ 


မုံရွာမြို့  တိုင်းဒေသကြီး    မီးသတ်ဦးစီးဌာနရုံးတွင် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့်        အရေးပေါ်မီးငြှိမ်းသတ်ခြင်း    သရုပ်ပြပွဲအခမ်းအနားကို  ယမန်နေ့က   ကျင်းပရာ    စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး   လုံခြုံရေးနှင့်    နယ်စပ်ရေးရာ ဝန်ကြီး   ဗိုလ်မှူးကြီး  ဝင်းတင်စိုး၊  တိုင်းဒေသကြီး   လမ်းပန်းဆက်သွယ်ရေးဝန်ကြီး        ရဲမှူးကြီး    ကျော်ထွန်းနှင့်   တာဝန်ရှိသူများ  တက်ရောက်ကြ သည်။
ရှေးဦးစွာ    တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား Truntable   Ladder လှေကား တင်  မီးငြှိမ်းသတ်ယာဉ်နှင့်  Luf 60 အဝေးထိန်း စနစ်သုံး   မီးငြှိမ်းသတ်စက်များဖြင့်   မီးငြှိမ်းသတ် နေမှုသရုပ်ပြသခြင်း၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ် လာပါက အရေးပေါ် ရေပြင်/မြေပြင် မီးငြှိမ်းသတ် ရေးနှင့် ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများ အသုံးပြုခြင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်     မီးလောင်မှုများဖြစ်ပွားပါက မီးငြှိမ်းသတ်ရေးယာဉ်များတွင် တပ်ဆင်ထားသော Camera  များမှတစ်ဆင့်     ညွှန်ကြားကွပ်ကဲနိုင် သည့် Command   &  Control   Center  တို့ကို တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဦးက လိုက်လံရှင်းလင်းပြသပြီး (အပေါ်ပုံ) တိုင်းဒေသကြီးဝန်ကြီးချုပ် က  လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသည်။ 
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ သည် မုံရွာမြို့ ချင်းတွင်းမြစ်အတွင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက Speed Boat များဖြင့်  ရေပြင်မီးငြှိမ်းသတ်မှု  သရုပ်ပြခြင်း နှင့်  ရှာဖွေကယ်ဆယ်ရေး   သရုပ်ပြနေမှုတို့အား ကြည့်ရှုအားပေးကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ် လာပါက  ကူညီကယ်ဆယ်ရေးအတွက်  ပြင်ဆင် ထားရှိသော Speed Boat များအား ကြည့်ရှုစစ်ဆေး ပြီး     လိုအပ်သည်များကို    တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ အိုးဘို တောင်ရပ်ကွက်ရှိ ချင်းတွင်းမြစ်ရိုးတာပေါင် - ၁ဝ ပေါက်တွဲ   ရေထိန်းတံခါးကြံ့ခိုင်မှုအား  ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက်   တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည်  မြင်းမူမြို့ ဧရာဝတီမြစ် ကမ်းနားလမ်း     မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် အောက်ခြေမြေသား အရှည် ပေ  ၁ဝဝ ခန့်၊ အကျယ်  ၈ ပေခန့်၊ ဧရာဝတီမြစ်အတွင်းသို့ ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ရာ   တိုင်းဒေသကြီး   ရေအရင်းအမြစ်နှင့်   မြစ်ချောင်းများ        ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်    တာဝန်ရှိသူများက  အရေးပေါ်ကမ်းထိန်း     ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ပြိုကျ ပျက်စီးခဲ့သည့် ရေထိန်းတာရိုးအား အချိန်မီပြုပြင် ပြီးစီးရေးလုပ်ငန်းများကို     တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်   ဆောင်ရွက်ပေးခဲ့ကြောင်း  သိရ သည်။     

              
 တိုင်းဒေသကြီး (ပြန်/ဆက်)