စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့ တောင်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးကို PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

 

နေပြည်တော်  ဒီဇင်ဘာ  ၆


စစ်ကိုင်းတိုင်းဒေသကြီး မြောင် မြို့  တောင်ရပ်ကွက်ရှိ  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ    မြို့နယ်ဦးစီးမှူးရုံးကို ဒီဇင်ဘာ   ၅   ရက်  မွန်းလွဲပိုင်း၌ PDF   အမည်ခံ    အကြမ်းဖက် သမားများက     မီးရှို့ဖျက်ဆီးခဲ့ သဖြင့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ ဒီဇင်ဘာ ၅ ရက် မွန်းလွဲ   ၁  နာရီ မိနစ် ၄၀  တွင် မြောင်မြို့     တောင်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ  မြို့နယ်ဦးစီးမှူး ရုံးအား PDF အမည်ခံ အကြမ်းဖက် သမားများက      မီးရှို့ဖျက်ဆီးခဲ့ သဖြင့် မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်း  သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ ဝင်များ ပူးပေါင်းအဖွဲ့က မီးငြှိမ်း သတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် သွားရောက်မီးငြှိမ်း သတ်ခဲ့ရာ ၂၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့သည်။

 


အကြမ်းဖက်    သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် သွပ်မိုး၊ အုတ်ကာ၊   အုတ်ခင်းတစ်ထပ် အဆောက်အဦရုံးတစ်လုံး၊ အဆိုပါ ရုံးအတွင်း ထိန်းသိမ်းထားရှိသည့် သစ်သားဗီရို ငါးလုံး၊ သစ်သား စားပွဲ ၁၄ လုံး၊ ပလတ်စတစ်ထိုင်ခုံ ၂၀   ၊     ဖိုင်တင်စင်    ၂၄    စင်၊ လျှပ်စစ်မီတာတစ်လုံး၊     ရုံးသုံး  တယ်လီဖုန်းတစ်လုံး၊    ရုံးသုံး စာရွက်စာတမ်းများနှင့်  ဖိုင်များ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

 


ထိုသို့     နိုင်ငံတော်ပိုင်ရုံး၊ အဆောက်အဦများအား   မီးရှို့ ဖျက်ဆီးခဲ့သည့်   အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီး ၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံ ရေး    လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်   ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်