စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် ( ၄/၂၀၂၂) ကျင်းပ

 

လယ်ယာမြေအငြင်းပွားမှုပြဿနာများ၏ စီစစ်ဆုံးဖြတ်ချက်များကို  ဥပဒေ၊ နည်းဥပဒေညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်

 

မုံရွာ  စက်တင်ဘာ   ၂၇


စစ်ကိုင်းတိုင်းဒေသကြီး    လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့  အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂) ကို ယနေ့ မွန်းလွဲပိုင်းတွင်       တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ   အစည်းအဝေးသို့ တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမြတ်ကျော်၊    တိုင်း ဒေသကြီး   လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး   ဝင်းတင်စိုး၊    တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ရှေးဦးစွာ တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲ မှုအဖွဲ့ဥက္ကဋ္ဌ၊         တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး     လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင် များအနေဖြင့်  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားဖြစ်  စိုက်ပျိုးရေး၊  မွေးမြူရေး၊   ဓာတ်သတ္တု ထုတ်လုပ်ခြင်း၊ အစိုးရကခွင့်ပြုထားသည့် ဥပဒေနှင့် ညီညွတ်သည့်   အခြားလုပ်ငန်းများကို ထိရောက် မှန်ကန်စွာ အသုံးချစီမံဆောင်ရွက်နိုင်စေရန်အတွက် လယ်ယာမြေ   နည်းဥပဒေများနှင့်အညီ တိုင်းဒေသ ကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များက ဝိုင်းဝန်း ပူးပေါင်းကာ နိုင်ငံအကျိုးကို  ရှေးရှုဆောင်ရွက်၍ အဂတိကင်းရှင်းစွာဖြင့်          အမျှတဆုံးဖြစ်အောင် ပွင့်ပွင့်လင်းလင်းဖြင့်  လုပ်ငန်းများဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊   တိုင်းဒေသကြီး   လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဝင်များအားလုံးအနေဖြင့်  လုပ်ငန်း များ  ဆောင်ရွက်ရာတွင်     ပုဂ္ဂိုလ်ရေးရင်းနှီးခြင်း၊ မရင်းနှီးခြင်းများကိုရှောင်ရှားပြီး  နိုင်ငံတော်စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေးနှင့်  မြေယာမဲ့နိုင်ငံသားများ၊ ဒေသခံများ၏  အလုပ်အကိုင်  အခွင့်အလမ်းများကို လည်း    ရရှိစေမည်ဖြစ်ကြောင်း၊      မိမိတို့အနေဖြင့် လယ်ယာမြေ     အငြင်းပွားမှုပြဿနာများ၏      စိစစ် ဆုံးဖြတ်ချက်များကို  ဥပဒေ၊ နည်းဥပဒေ ညွှန်ကြား ချက်များနှင့်အညီ   ဆောင်ရွက်သွားကြရန်   ဖြစ်ကြောင်း ပြောကြားသည်။ 

 


ယင်းနောက် တိုင်းဒေသကြီး လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းလွင်က    လယ်ယာမြေအခြားနည်း သုံးစွဲခွင့်၊    လုပ်ပိုင်ခွင့်   လျှောက်ထားခြင်းများနှင့် ပတ်သက်၍ ရှင်းတင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး  လယ်ယာ မြေ    စီမံခန့်မှုအဖွဲ့ဝင်များက    လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

 


ယင်းနောက် တိုင်းဒေသကြီး  လယ်ယာမြေ စီမံ ခန့်ခွဲမှု  ကော်မတီဥက္ကဋ္ဌ၊  တိုင်းဒေသကြီး ဝန်ကြီးချုပ် က လယ်ယာမြေအခြားနည်း သုံးစွဲခွင့်၊   လုပ်ပိုင်ခွင့် လျှောက်ထားခြင်းများနှင့်  ပတ်သက်၍  ဆွေးနွေး တင်ပြချက်များအပေါ်  လိုအပ်သည်များကို  တာဝန်ရှိ သူများနှင့်  ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး      အစည်းအဝေးကို ရုပ်သိမ်းကြောင်း သိရသည်။


    

တိုင်းဒေသကြီး(ပြန်/ဆက်)