စစ်ကိုင်းတိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားအုန်းဆီရောင်းချမှုကြီးကြပ်ရေး ညှိနှိုင်းစည်းဝေး

 

မုံရွာ  စက်တင်ဘာ   ၁၂
စစ်ကိုင်းတိုင်းဒေသကြီး  ကုန်ဈေးနှုန်းတည်ငြိမ်ရေး နှင့်စားအုန်းဆီရောင်းချမှုကြီးကြပ်ရေး ညှိနှိုင်းအစည်း အဝေးကို စက်တင်ဘာ ၁၂ ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး  အစည်းအဝေးခန်းမ၌  ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ် ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဆီကုန်သည်အသင်းမှ ကိုယ်စားလှယ်များနှင့် စက်မှုလုပ်ငန်းရှင်များ တက် ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊  ကလေးခရိုင်၊  ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ခန္တီးခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ကုန်ဈေးနှုန်းတည်ငြိမ်ရေး
ရှေးဦးစွာ    တိုင်းဒေသကြီး    ဝန်ကြီးချုပ်က မိမိတို့ တိုင်းဒေသကြီး  တစ်ခုလုံးအနေဖြင့် ဆန်၊ ဆီ၊ ပဲ ဖူလုံပြီး စိုက်ပျိုးရေးဖြစ်ထွန်းသောဒေသ၊ ကျေးလက်တောရွာများတွင်  စားသုံးဆီဖူလုံသော် လည်း အခြေခံလူတန်းစားအများစု  နေထိုင်သည့် မြို့ပြများတွင် ဆီလိုအပ်ချက်ရှိနေဆဲ ဖြစ်ပါကြောင်း၊ ဝန်ထမ်းများနှင့် မြို့ပြနေပြည်သူများအားလုံး လုံလုံ လောက်လောက်ရရှိရေး တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားကြရန်     လိုအပ်ပါ ကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး    ကော်မတီဝင်များ၊ ဆီကုန်သည်ကြီးများအသင်းနှင့်  လုပ်ငန်းရှင်များ၊ နာဂဒေသအပါအဝင် ခရိုင်အသီးသီးမှ တာဝန်ရှိသူ အားလုံး ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားအုန်းဆီ များကို စနစ်တကျဖြန့်ဖြူးရောင်းချရေး ဆောင်ရွက်ရန် လျာထားစီမံမှုများကို  ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန်နှင့်  အကောင်းဆုံးလုပ်ဆောင်နိုင်မည့် နည်းလမ်းများအားအတည်ပြုပြီး အကောင်အထည် ဖော်ဆောင်ရွက်ကြရန်လိုအပ်ကာ ပါဝင်သူအားလုံး က စိတ်စေတနာအပြည့်နှင့်   ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး    အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံတို့က စားအုန်းဆီ ရောက်ရှိမှု၊ ခွဲဝေချထားမှု၊ ဝန်ထမ်းများနှင့်ပြည်သူ များအား  ဝန်ထုပ်ဝန်ပိုးမရှိစေဘဲ   ရောင်းချမည့် အခြေအနေများနှင့်ပတ်သက်၍   လည်းကောင်း၊ တိုင်းဒေသကြီး ဆီကုန်သည်အသင်းမှ ကိုယ်စားလှယ် များက မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေသည့်လုပ်ငန်း များ၊ အခြေအနေများကိုလည်းကောင်း ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြ
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာ ခရိုင်၊ စစ်ကိုင်းခရိုင်၊ ခန္တီးခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင်  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်/မြို့နယ် များအတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊  စားအုန်းဆီ ရရှိမှုနှင့် ရောင်းချမှုလုပ်ငန်းများ ဆောင်ရွက်နေမှုများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက်  တိုင်းဒေသကြီး    ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ်      လိုအပ်သည် များကို  တာဝန်ရှိသူများနှင့်   ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)