စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ တစ်ဦးသေဆုံး၊ နှစ်ဦးထိခိုက်ဒဏ်ရာရရှိ

 

နေပြည်တော်  စက်တင်ဘာ ၂၇


စစ်ကိုင်းတိုင်းဒေသကြီး  ဒီပဲယင်း မြို့နယ်၌  PDF  အမည်ခံအကြမ်း ဖက်သမားများက     စစ်ရေးပစ်မှတ် မဟုတ်သည့်     မြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့်  ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့်     အပြစ်မဲ့ ပြည်သူတစ်ဦးသေဆုံးပြီး  နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း  သိရ သည်။

 


ဖြစ်စဉ်မှာ    စစ်ကိုင်းတိုင်း ဒေသကြီး    ဒီပဲယင်းမြို့အတွင်း လုံခြုံရေး    ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များကို    စက်တင်ဘာ  ၂၃ ရက်   ည   ၈  နာရီခန့်တွင် ဒီပဲယင်းမြို့၏    အနောက်တောင် ဘက်  မီတာ ၁၀၀၀ ခန့်အကွာမှ နေ၍ PDF     အကြမ်းဖက်အဖွဲ့ အင်အား  ၁၅  ဦးခန့်က  လက်လုပ် စိန်ပြောင်းဖြင့်  နှစ်ချက်ပစ်ခတ် ခဲ့ကြောင်း၊  ထိုသို့ပစ်ခတ်မှုကြောင့် ဒီပဲယင်းမြို့၊   မြို့မရပ်ကွက်အနီး လယ်ကွက်အတွင်းသို့  လက်လုပ် စိန်ပြောင်းကျည်    တစ်လုံးနှင့် မြို့မရပ်ကွက်     ယုဇနလမ်းရှိ ဦးမြင့်လှိုင် (၇၉)နှစ် (ဘ)ဦးဘအေး ၏    နေအိမ်ပေါ်သို့    လက်လုပ် စိန်ပြောင်းကျည်       တစ်လုံးတို့ ကျရောက်   ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ဦးမြင့်လှိုင်နှင့် ၎င်း၏သမီးဖြစ်သူ မချိုချိုဝင်း(၅၂)နှစ်၊  မြေးဖြစ်သူ မသော်ဇာမြင့်(၁၅)နှစ်တို့တွင်   မိုင်းစထိမှန်ဒဏ်ရာ များရရှိခဲ့သဖြင့်  ဒီပဲယင်းမြို့နယ် ပြည်သူ့ဆေးရုံသို့  ပို့ဆောင်ကုသမှု ခံယူနေစဉ်     မသော်ဇာမြင့်မှာ ရရှိထားသော    ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 


ထို့ပြင် ယခင်ကလည်း PDF အမည်ခံ အကြမ်းဖက်သမားများ အနေဖြင့်    စစ်ရေးပစ်မှတ်မဟုတ် သည့်  စာသင်ကျောင်းများ၊ ဌာန ဆိုင်ရာ    အဆောက်အဦများနှင့် လူနေ    အဆောက်အဦများကို လက်လုပ်   စိန်ပြောင်းများဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊   Drone များအသုံးပြု၍ ဗုံးကြဲချခြင်းများ လုပ်ဆောင်ခဲ့ခြင်းကြောင့် အပြစ်မဲ့ ပြည်သူအချို့     သေဆုံး/ဒဏ်ရာ ရရှိခဲ့သည်။
ဖြစ်စဉ်တွင်    မြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့်  ပစ်ခတ် ခဲ့သည့်   အကြမ်းဖက်သမားများ ကို   ဖော်ထုတ်ဖမ်းဆီး  အရေးယူ နိုင်ရေး       လုံခြုံရေးတပ်ဖွဲ့ဝင် များက    လိုအပ်သည့်      လုံခြုံရေး လုပ်ငန်းများ       ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။


သတင်းစဉ်