
နေပြည်တော် အောက်တိုဘာ ၁၃
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေ ဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြား စေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက် အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်း များအား အကြမ်းဖက်ဖောက်ခွဲမှုများ ပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်း များအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာ လူမျိုးများ၏ အထွတ်အမြတ်ထားရာ သာသနာပိုင် အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကို ပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ် နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။
ထိုသို့ပြုလုပ်လျက်ရှိရာတွင် အောက်တိုဘာ ၁၃ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့နယ် ညောင်ငုတ်တိုကျေးရွာရှိ သစ္စာရွှေဂူဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေထိုင် သည့် ခန်းနေဆရာတော် ဥူးကောဏ္ဍည သက်တော် (၅၀)နှစ် ဝါတော် (၂၀)ဝါသည် ဆားတောင်မြို့ပေါ်ရပ်ကွက်များသို့ ဆွမ်းခံရန်အတွက် ဘုန်းကြီးကျောင်း ပိုင် ယာဉ်အမှတ်(စိစစ်ဆဲ) Hijet အဖြူရောင်ယာဉ် ဖြင့် ထွက်ခွာလာစဉ် ဘုန်းကြီးကျောင်းရှေ့လမ်းပေါ် အရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၁၅ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ကာ ဦးခေါင်းအား ဖြတ်၍ အဆိုပါကျောင်းရှေ့ လမ်းမပေါ်တွင် ထားခဲ့ပြီး Hijet အဖြူရောင်ယာဉ်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရ သည်။
ထိုသို့ အကြမ်းဖက်သမားများ၏ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဆရာတော်ဥူးကောဏ္ဍည တွင် ဦးခေါင်းပြတ်လျက် သေနတ်ထိမှန်ဒဏ်ရာ များဖြင့် အခင်းဖြစ်နေရာ၌ ပျံလွန်တော်မူသွားခဲ့ ကြောင်း သိရသည်။
အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ အကြမ်း ဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာ တော် ၅၆ ပါးနှင့် သီလရှင်ဆရာကြီး တစ်ပါးတို့ ဘဝ နတ်ထံပျံလွန်တော်မူခဲ့ပြီး အထက်ပါဖြစ်စဉ်မှ သံဃာတော်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ် များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်