
ပုသိမ် စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာများတွင် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများ၊တပ်ရင်းတပ်ဖွဲ့များ၊ စည်ပင်သာယာ ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက် နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက် လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်း ရေး ဆောင်ရွက်နေမှုနှင့် အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) လုပ်ကိုင်လည်ပတ်မှုအခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေကြည်ဦးရပ်ကွက်ရှိ လေးကျွန်းရန်အောင်ဖောင် တော်ဦးစေတီမြတ်ကြီး ပရိဝုဏ်အတွင်း၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး အမှိုက်နှင့် ချုံနွယ်များ နေ့စဉ်ရှင်းလင်း ဆောင်ရွက်ရေးနှင့် ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးတို့ကို မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဂင့်ချွန်မုန့်လုပ်ငန်း၊ ဂွတ်ရှယ်ကြက်အူချောင်း၊ ဝက်အူချောင်းလုပ်ငန်း၊ ရွှေကညင်ပုသိမ်ထီးလုပ်ငန်း၊ ATW ကြက်စာ၊ ဝက်စာလုပ်ငန်း၊ ပုသိမ်ကွန်ပျူတာပန်းထိုးစက်ရုံနှင့် ရွှေမြင်းပျံ ပုသိမ်ဟာလဝါ လုပ်ငန်း များသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်လည်ပတ် မှုအခြေအနေများကို မေးမြန်းရာ တာဝန်ရှိသူများ၏ ဖြေကြားတင်ပြချက်များအပေါ် ဝန်ကြီးချုပ်က စားသုံးကုန်များ ထုတ်လုပ်ရာတွင် အရည်အသွေး ကောင်းမွန်ရေး၊ ဓာတုဆိုးဆေးများ အသုံးမပြုရေး၊ ပြည်သူများ သန့်ရှင်းလတ်ဆတ်စွာ စားသုံးနိုင်ရေး အတွက် အလေးထားဆောင်ရွက်ရေး၊ ပုသိမ်ထီးများ ကို ပြည်တွင်း ပြည်ပခရီးသွားများအတွက် ခိုင်ခံ့မှု နှင့် အရည်အသွေး ကောင်းမွန်ရေးအလေးထား ဆောင်ရွက်ရေး၊ ဝက်စာ၊ ကြက်စာများ ထုတ်လုပ်မှု လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး၊ ပြည်တွင်းထုတ် ကုန်များကို ပြည်ပထုတ်ကုန်များနှင့် ယှဉ်ပြိုင်နိုင် သည်အထိ အရည်အသွေးကို အဓိကထား ဆောင်ရွက်ရေး၊ တစ်လအတွင်း ထုတ်လုပ်မှုကို စနစ်တကျ မှတ်တမ်းထားရှိရေး၊ စက်ရုံများတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင် အတွင်း အန္တရာယ်ကင်းရှင်းစွာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရေး တို့ကို မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ မြို့အင်္ဂါ ရပ်နှင့်အညီ လမ်းတိုင်း၊ ရပ်ကွက်တိုင်း သန့်ရှင်း သာယာလှပရေးအား အလေးထားဆောင်ရွက်ရန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအနေဖြင့် ပြည်သူများ သန့်ရှင်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်စေရေး စည်းရုံးရန်၊ တက္ကသိုလ်ဝင်စာမေးပွဲစနစ်ဟောင်းတွင် ဝင်ရောက်ဖြေဆိုသူများ အနေဖြင့် စာသင်ဝိုင်း၊ စာဖတ်ဝိုင်းများသို့ ရောက်ရှိ လာစေရေးဆောင်ရွက်ပေးရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်နှင့် ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအတိုင်း စနစ်တကျ မောင်းနှင်သွားလာနိုင်ရေးအတွက် နေ့စဉ် စစ်ဆေးကြပ်မတ်ရန်လိုပါကြောင်း မှာကြား ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)