စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၃) ကျင်းပ

 

နေပြည်တော်   ဧပြီ    ၂၆


စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၃) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ   စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန   ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၌ ကျင်းပရာ စာရင်းအင်းအချက်အလက် မှန်ကန် ရေးနှင့် အရည်အသွေးပြည့်ဝရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်နှင့်   စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားသည်။

 


အစည်းအဝေးသို့ ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊    မြန်မာနိုင်ငံတော်   ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် စီးပွားရေးရာဝန်ကြီးများ၊ ရန်ကုန် စီးပွားရေးတက္ကသိုလ် စာရင်းအင်းပညာဌာန ပါမောက္ခနှင့် မြန်မာနိုင်ငံ စာရင်းအင်းပညာအသင်း ဒုတိယဥက္ကဋ္ဌတို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 


အစည်းအဝေးတွင်   ဗဟိုကော်မတီဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက စာရင်းအင်းအချက်အလက် မှန်ကန်ရေးသည် နိုင်ငံတိုင်းအတွက်  အလွန်အရေးပါပြီး  နိုင်ငံတစ်နိုင်ငံ  ဘက်စုံဖွံ့ဖြိုး တိုးတက်ရန်နှင့်   အမျိုးသားစာရင်းအင်းစနစ်  ခိုင်မာအားကောင်းရန် အထူးလိုအပ်ကြောင်း၊ အရည်အသွေးပြည့်ဝသော စာရင်းအချက်အလက် များ ရရှိခြင်းဖြင့် မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ လူမှု - စီးပွား သုတေသန ဆောင်ရွက်သူများအနေဖြင့် ဖွံ့ဖြိုးမှုမူဝါဒများ၊   စီမံကိန်းများ၊   စီးပွားရေးဝန်းကျင်ကောင်းများကို ချမှတ်ဖန်တီးပေးနိုင်မည်ဖြစ်ပြီး အကန့်အသတ်ဖြင့်ရှိနေသည့် အရင်း အမြစ်များကို    အကျိုးရှိထိရောက်စွာ   အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ စာရင်းအင်းကဏ္ဍသည်  တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအဆင့်တိုင်းတွင် မရှိမဖြစ်လိုအပ်သည့်အတွက် တိုးတက်ပြောင်းလဲနေသော နည်းပညာ များ၊ နည်းစနစ်များနှင့် ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း။

 


မိမိတို့နိုင်ငံတွင်   ကျင့်သုံးနေသည့်   စာရင်းအင်းစနစ်သည်   ဗဟို ထိန်းချုပ်မှုလျှော့ချသည့် စာရင်းအင်းစနစ်ဖြစ်သဖြင့် စာရင်းအင်းအချက် အလက်များပြည့်စုံစွာ စုစည်းတွက်ချက်ထုတ်ပြန်နိုင်ရန် ဗဟိုစာရင်းအင်း အဖွဲ့တစ်ခုတည်းသာမက    အမျိုးသားစာရင်းအင်းစနစ်တွင်    ပါဝင် ပတ်သက်သူများအနေဖြင့်လည်း စာရင်းအင်းနှင့် သက်ဆိုင်သည့် ဌာန/ အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိရန် အထူးလိုအပ်ကြောင်း။

 


စားသုံးသူဈေးဆနှုန်း တွက်ချက်ရာတွင် ပါဝင်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ခေတ်စနစ်နှင့် လိုက်လျောညီထွေ ဖြစ်စေရေးအတွက် အခြေခံနှစ်ကို    ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်သို့  ပြောင်းလဲတွက်ချက်ရန် ဆောင်ရွက်လျက်ရှိရာ   Timeline   အတိုင်း    ပြီးစီးအောင်  ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

 


နိုင်ငံဖွံ့ဖြိုးရေးတွင် အလွန်အရေးပါပြီး ခိုင်မာ၍ ယုံကြည်ကိုးစားနိုင် သော မြေပြင်စာရင်းအင်း အချက်အလက်မှန်များဖြစ်စေရန်၊ အချိန်နှင့် တစ်ပြေးညီဖြစ်ရန်နှင့်  ရှေ့နောက်ညီညွတ်မှုရှိရန်  ဝန်ကြီးဌာနများ အကြား၊ ပြည်ထောင်စုနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအကြား စာရင်းအင်းဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုယန္တရားကို အချိတ်အဆက်မိမိ အရှိန်အဟုန်မြှင့် တိုးချဲ့ဆောင်ရွက် ကြရန် ပြောကြားသည်။ 

 


ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူး၊ ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ်   ဦးထွန်းဇော် က  စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့်   အရည်အသွေးပြည့်ဝရေးဗဟိုကော်မတီ   ပြန်လည် ဖွဲ့စည်းမှု၊  ဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၁)  ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှု၊ စာရင်းအင်းကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များ ၏ ဆောင်ရွက်မှု၊ စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းတို့ကို ၂၀၁၂ ခုနှစ် အခြေခံနှစ်မှ ၂၀၁၇ ခုနှစ် အခြေခံနှစ်သို့ ပြောင်းလဲတွက်ချက် မှု၊ စာရင်းအင်းဆိုင်ရာ အသိပညာမြှင့်တင်မှု၊ အစည်းအဝေးများ ကျင်းပ မှုနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်းများ၊ စစ်တမ်းများ ကောက်ယူမှုနှင့် Survey Calendar ၊ စာရင်းအင်းစာစောင်များ ထုတ်ပြန် မှုများကို ရှင်းလင်းတင်ပြသည်။ 

 


ထို့နောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည် တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စီးပွားရေးရာဝန်ကြီး များနှင့် တာဝန်ရှိသူများက စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌက လိုအပ်သည် များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်