စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး မူဝါဒများနှင့်အညီ အလေးထားဆောင်ရွက်နေ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်နှင့်အညီ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းလဲလုပ်ကိုင်ဆောင်ရွက်

 

မန္တလေး   ဩဂုတ်   ၂


မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် သည် တာဝန်ရှိသူများနှင့်အတူ   ယနေ့ နံနက်ပိုင်း က ကျောက်ဆည်ခရိုင်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းနှင့်   မဟာအောင်မြေ    ခရိုင်အတွင်းရှိ  သွင်းကုန်အစားထိုး  MSME လုပ်ငန်းဆောင်ရွက်နေမှု များအား ကွင်းဆင်းကြည့်ရှုသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ကျောက်ဆည်ခရိုင်  မြစ်သားမြို့နယ်  တမာပင် ကျေးရွာအုပ်စုရှိ ဦးမြင့်ဦး၏ ဥစားကြက်မွေးမြူရေး ခြံသို့ရောက်ရှိရာ  ခြံပိုင်ရှင်   ဒေါက်တာသက်ဦးက  ဥစားကြက်မွေးမြူရေးလုပ်ငန်းကို ၂၀၁၇ ခုနှစ်တွင် စတင်လုပ်ကိုင်မှု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ၊ ကြက်မွေးမြူရေးခြံတည်ဆောက်ထားရှိမှု၊ ဥကြက်မအကောင် ရေ ၉၃၈၀၀ မွေးမြူထားပြီး တစ်ရက်ပျမ်းမျှ ကြက်ဥ အလုံး   ၇၅၀၀၀   ထွက်ရှိမှု၊   ကြက်ဥနှင့် ကြက်စာ သိုလှောင်ရုံများတည်ဆောက်ထားရှိမှု၊ ကြက်ဥများ နှင့်  ဆက်စပ်အသုံးပြုနေသည့်  စားသောက်ကုန် လုပ်ငန်းများနှင့်  ဈေးကွက်အတွင်း    ဖြန့်ချိမှုနှင့်  ကြုံတွေ့နေရသည့်အခြေအနေများကို   ရှင်းလင်း တင်ပြသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က  နိုင်ငံ့ စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူ ရေးလုပ်ငန်းများကို   ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး နိုင်ငံတော်၏ မူဝါဒများနှင့်အညီ   တိုင်းဒေသကြီး အတွင်း   စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်ရေးအလေးထား    ဆောင်ရွက်နေပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ပိုမိုထုတ်လုပ်သွား ရန်၊  စားသုံးသူများ   ထိုက်သင့်သည့်ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန်၊  ပြည်ပမှ   မွေးမြူရေးအစားအစာ သွင်းအားစုများ   ဝယ်ယူနေမှုကို လျှော့ချနိုင်ရေး ပြည်တွင်း၌  ထုတ်လုပ်သွားနိုင်ရန်  နည်းလမ်းများ ရှာဖွေကြိုးစားဆောင်ရွက်ကြရမည်  ဖြစ်ကြောင်း ပြောကြားပြီး   လိုအပ်သည်များ   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ  ကြက်မွေးမြူရုံ၊  ကြက်ဥနှင့် ကြက်စာသိုလှောင်ရုံများအတွင်း လိုက်လံကြည့်ရှု သည်။


ဆက်လက်၍   တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် စက်မှုစိုက်ပျိုးမွေးမြူရေး တွဲဖက်သင်ကြား ပေးသည့်    အခြေခံပညာအထက်တန်းကျောင်း (မြစ်သား)သို့ ရောက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေး ဘာသာရပ်များ သင်ကြားနေမှုကို ကြည့်ရှုသည်။


ထို့နောက် မဟာအောင်မြေခရိုင်   ပြည်ကြီး တံခွန်မြို့နယ် မန္တလေးစက်မှုဇုန်(၁)ရှိ Good Brothers လယ်ယာသုံး   စက်ကိရိယာထုတ်လုပ်တပ်ဆင်ရေး လုပ်ငန်းသို့ရောက်ရှိရာ  ဒါရိုက်တာအဖွဲ့ဝင် ဦးမျိုးမြင့် ထွန်းက      လယ်ယာသုံးစက်ကိရိယာ    ထုတ်လုပ် တပ်ဆင်ခြင်းလုပ်ငန်းများ လည်ပတ်နေမှု၊ ဈေးကွက် အတွင်းဖြန့်ချိနေမှု၊   လျှပ်စစ်ဓာတ်အားရရှိမှုနှင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် တွဲဖက် အသုံးပြုနိုင်ရန် စီစဉ်နေမှု၊ လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက်  ခေတ်နှင့်အညီ လက်မှုလယ်ယာမှ  စက်မှု လယ်ယာသို့ ပြောင်းလဲလုပ်ကိုင် ဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က MSME ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထားဆောင်ရွက်နေကြောင်း၊ စိုက်ပျိုးရေးတွင် အမှန်တကယ်လိုအပ်သည့် စက် ကိရိယာများကို တီထွင်ဖန်တီးထုတ်လုပ်ပြီး ထိုက်သင့် သည့်  ဈေးနှုန်းဖြင့်  ဖြန့်ဖြူးရောင်းချပေးခြင်းဖြင့် စိုက်ပျိုးရေးလုပ်သားရရှိမှု     အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း   ပြောကြားပြီး Good Brothers    လယ်ယာသုံးစက်ကိရိယာ   အမျိုးမျိုး ထုတ်လုပ်တပ်ဆင်ရေးလုပ်ငန်းခွင်အတွင်း လိုက်လံ ကြည့်ရှုခဲ့သည်။


သတင်းစဉ်